A d v e r t i s e m e n t With Us

အပူရှိန်ပြင်းသည့် ချောက်မြို့နယ်တွင် နေ့ခင်းဘက်ရေမချိုးကြရန် သတိပေးနှိုးဆော်

အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ကျော် မြင့်တက်နေတဲ့ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ထဲမှာ မြို့နယ်ကုသရေးနဲ့ ကျန်းမာရေးဦးစီးဌာနက အပူဒဏ်ကာကွယ်ရေးအတွက် ဒေသခံတွေကို လိုက်လံအသိပေးနှိုးဆော် ဆောင်ရွက်နေပါတယ်။ အပူဒဏ်ကာကွယ်ရေးအတွက် အသိပေးလက်ကမ်းစာစောင်တွေ ပေးဝေတာ၊ မြစ်ကမ်းမှာ မနက် ၁၀ နာရီကနေ  ညနေ ၅ နာရီခွဲအထိ ရေမချိုးရ ဆိုင်းဘုတ်တွေ လိုက်လံ စိုက်ထူနေတာဖြစ်ပြီး ချောက်မြို့နယ်အတွင်းက ကျေးရွာ ၃၀ လောက်မှာလည်း  ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ မြို့နယ်ကျန်းမာရေးမှူး အဆင့် ၁ ဦးလှိုင်မြင့်ဟန်က “အပူဒဏ်ခံရပြီဆိုရင် ခန္ဓာကိုယ်က ဆားဓာတ်တွေ ဆုံးရှုံးသွားပြီး ချွေးမထွက်တော့ဘူး။ မောပန်းတာတွေ၊ နုံးတာတွေ၊ ကိုယ်အပူချိန်တွေ မြင့်တက်လာပြီး ဆေးရုံဆေးခန်း အချိန်မီ မရောက်ခဲ့ရင် သေဆုံးနိုင်တဲ့အထိ အန္တရာယ်ရှိတယ်။ အဲဒါကြောင့် အပူနဲ့ ဖြစ်နိုင်ရင် မထိတွေ့အောင်နေဖို့လိုမယ်” လို့ ပြောပါတယ်။ ချောက်မြို့နယ်မှာ မတ်လလယ်ပိုင်းက စတင်ပြီး အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်မှ ဒီကနေ့ ၄၄ ဒသမ၅ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်နေတယ်လို့ ချောက်မြို့နယ် မိုးလေဝသ တိုင်းထွာရေးစခန်းက သိရပါတယ်။ သတင်း- ကိုလင်း (ချောက်)

A d v e r t i s e m e n t With Us

More News
Up