ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ

2.6K
ရတနာတိုး (စပါး)
ပေါင်းတည်ကုန်စည်ဒိုင်မှာ ရတနာတိုး (စပါး) က တင်း ၁၀၀ ကို ၅၉၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျပ် ဈေးတက်လာပါတယ်။ နတ်တလင်းကုန်စည်ဒိုင်မှာ ရတနာတိုးစပါးက တင်း ၁၀၀ ကို ၆၁၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ပေါင်းတည်နဲ့ နတ်တလင်းကုန်စည်ဒိုင် ၂၀၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၇၃၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ မတ်ပဲတအိတ်ကို ၇၀၅၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ အောင်လံကုန်စည်ဒိုင် ၂၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိသာ ၆၀ ဝင်တအိတ်ကို ၈၀၈၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံ ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၈၇၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၆၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
စားတော်ပဲလုံး
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စားတော်ပဲလုံးက ၅၉.၂၅ ပိသာဝင်တအိတ်ကို ၆၉၉၀၀ ကနေ ၇၁၁၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ စားတော်ပဲလုံးတအိတ်ကို ၉၆၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ရန်ကုန်နဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင် ၂၄၉၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
အာလူး
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ အာလူးက တပိသာကို ၅၃၀ ကနေ ၇၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ဆင်ဖြူကျွန်း ကုန်စည်ဒိုင်မှာ အာလူးတပိသာကို ၆၀၀ ကနေ ၉၅၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ ဆင်ဖြူကျွန်း ကုန်စည်ဒိုင် ၂၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ကုလားပဲ
ဆင်ဖြူကျွန်း ကုန်စည်ဒိုင်မှာ ကုလားပဲက တအိတ်ကို ၇၉၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။ နတ်တလင်းကုန်စည်ဒိုင်မှာ ကုလားပဲတအိတ်ကို ၈၄၀၀၀ ပေါက်ဈေးရှိပါတယ်။ ဆင်ဖြူကျွန်းနဲ့ နတ်တလင်းကုန်စည်ဒိုင် ၄၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA