A d v e r t i s e m e n t With Us

ပရီးယားလိဂ်​ အမြန်​ဆုံးကစားသမား စာရင်းတွင် ဖူလ်ဟမ်နောက်ခံလူ ထိပ်ဆုံးကရပ်တည်

အခုနှစ် ပရီးယားလိဂ်​အတွက် အမြန်​ဆုံးကစားသမား စာရင်းမှာ​တော့ မထင်​မှတ်​တဲ့ ကစားသမား​တွေ ထိပ်​ဆုံးမှာ ရှိနေပါတယ်​။ စစ်​တမ်းစမ်းသပ်​​ကောက်​ခံမှု​တွေအရ ဖူလ်​ဟမ်အသင်း ​နောက်​ခံလူ တင်​မိုသီဖိုဆုမန်​ဆာက ပျမ်းမျှ တနာရီကို ၂၂ မိုင်​​ပြေးအားရှိပြီး ထိပ်​ဆုံးက ရပ်​တည်​နေပါတယ်​​။ မန်​ချက်​စတာယူနိုက်​တက်​က​နေ အငှားနဲ့ လာ​ရောက်​ကစား​နေတဲ့ လူငယ်​ကစားသမား​လေးဟာ ဝုဗ်​ဘယ်​​နောက်​ခံလူ ရူဘင်ဗီနာဂရီထက် ၀.၈ မိုင်​နှုန်းအသာနဲ့ ထိပ်​ဆုံးမှာ ရှိနေတာဖြစ်​ပြီး တတိယ​နေရာမှာ​တော့ မန်​စီးတီးတိုက်​စစ်​မှူး လီရွိုင်းဆာ​နေးက တနာရီကို ၂၁.၈၆ မိုင်​နှုန်းနဲ့ အ​ပြေးအမြန်​ဆုံး ကစားသမား​တွေအဖြစ် ရပ်​တည်​​နေပါတယ်​။ သူတို့ရဲ့​နောက်​မှာ​တော့ နယူးကာဆယ်​ကစားသမား ဒီအန်​ဒရီရဒ်​လင်း၊ ဝက်​စ်​ဟမ်းက ဖိလစ်​ပီအန်​ဒါဆန်​နဲ့ လီဗာပူးက ​ဒီ​ဗော့ခ်အိုရီဂီတို့က ဒသမအနည်းငယ်​သာကွာဟပြီး အစဉ်​လိုက် ရပ်​တည်​​နေပါတယ်​။ နာမည်​ကြီး ကစားသမား​တွေဖြစ်​တဲ့ မန်​စီးတီးတိုက်​စစ်​မှူး စတာလင်​၊ လက်​စတာတိုက်​စစ်​မှူး ဂျေမီဗာဒီ၊ လီဗာပူးက ဆာလာ၊ အာဆင်​နယ်​က အူဘာမီယန်းတို့က​တော့ ထိပ်​ဆုံး ၆​ ဦးစာရင်းနဲ့ လွဲ​ချော်​ခဲ့ပါတယ်​။

A d v e r t i s e m e n t With Us

More News
Up