အက်သလက်တီကို တိုက်စစ်မှူး ဒီယေဂိုကော်စတာ ၈ ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ်ရှိ

ဘာစီလိုနာအသင်းနဲ့ ပွဲစဉ်​မှာ ပြဿနာတက်​ခဲ့ပြန်​တဲ့ ဒီ​ယေဂို​ကော်​စတာဟာ ၈ ပွဲပယ်​ပြစ်​ဒဏ် ကျခံရဖို့ ရှိနေတဲ့အတွက် အက်​သလက်​တီကိုနဲ့ ကော်စတာတို့ရဲ့ဇာတ်​လမ်း တခန်းရပ်​ဖို့ ဖြစ်​နိုင်​​ချေ များနေပါတယ်။ အ​စောပိုင်းသတင်း​တွေအရ ​ကော်​စတာကို အသင်းမှာ ဆက်​လက်​ထိန်းသိမ်းဖို့ မ​သေချာဖြစ်​​နေခဲ့ပြီး​ အခုပြဿနာ​ကြောင့် ကစားသမားအ​နေနဲ့ ရာသီကုန် လက်​ကျန်​ပွဲစဉ်​​တွေ အကုန်​လုံး လွဲ​ချော်​​တော့မှာဖြစ်​ပါတယ်​။ ဒီ​ယေဂို​ကော်​စတာဟာ ဒိုင်​လူကြီးဖြစ်​သူ​ ဂီးလ်​ကို ကိုယ်​ထိလက်​​ရောက် ကိုင်​တွယ်​ခဲ့တဲ့ အပြင်​ မိခင်​ကို ​စော်​ကားတဲ့ စကားလုံး​တွေ ပြောကြားခဲ့တာ​ကြောင့်​ ပုံမှန်​အနီကတ်​အရ ၂ ပွဲသာ ပွဲပယ်​ခံရမှာဖြစ်​​ပေမယ့် စပိန်​​ဘောလုံးအဖွဲ့ချုပ်​က အခုလို ကြီး​လေးတဲ့အပြစ်​​ပေးဖို့် ပြင်​ဆင်​​နေတာပါ။ တချို့သတင်း​တွေမှာ​တော့ ​ကော်စတာအ​နေနဲ့ ၄ ပွဲက​နေ ၆ ပွဲထိသာ ပွဲပယ်​ခံရနိုင်​တယ်​လို့ ​ရေးသား​ဖော်​ပြ​နေကြပါတယ်​။ ကော်​စတာဟာ မကြာခဏဆိုသလို ကွင်းတွင်းပြဿနာ​တွေနဲ့ ကြုံ​တွေ့​နေရပြီး ချန်​ပီယံလိဂ်​ရှုံးထွက်​ ၁၆ သင်းအဆင့်​ ဒုတိယအ​ကျော့မှာလည်း အနီကတ်​ ပြသခံထားရပါတယ်​။ ဒီယေဂို​ကော်စတာဟာ အခုရာသီ အက်​သလက်​တီကိုအသင်း ကစားခဲတဲ့ ၄၁ ပွဲမှာ ၂၁ ပွဲ ကစားထားပြီး ၅ ဂိုးသာ သွင်းယူထားပါတယ်​။ နည်းပြဆီမြွန်​နီက ​ကော်စတာကို အ​ထောင်​တိုက်​စစ်​​နေရာမှာ ထားပြီး မိုရာတာ၊ ဂရစ်​ဇ်​မန်းတို့ကို ​နောက်​က​နေ ဝန်းရံကစား​စေတဲ့ နည်းစနစ်​ကို နှစ်​သက်​​ပေမယ့်​ လာမယ့်​ရာသီမှာ​တော့ ချဲလ်​ဆီးတိုက်​စစ်​မှူး​ဟောင်းလည်းဖြစ်​တဲ့ ​ကော်​စတာမပါဘဲ ခရီးဆက်​ဖို့ရှိနေတာ ဖြစ်​ပါတယ်​။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up