အောင်ပန်းက ဗိုလ်မှူးကြီးဗထူးကျောက်စာတိုင်ကို မူလနေရာအနီး ပြန်တည်ဆောက်မည်
DVB
·
April 9, 2019
အောင်ပန်းမြို့မှာ အသစ်ပြန်ဆောက်မယ့် ဗိုလ်မှူးကြီး ဗထူးကျောက်စာတိုင်ပုံစံကို ရန်ကုန်ကဗိသုကာပညာရှင်ခေါ်ပြီး ပြန်လည်တည်ဆောက်မယ်လို့ အောင်ပန်းမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ကျောက်စာတိုင်ပြောင်းရွေ့ဖို့နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေမြင့်တက်လာတဲ့အတွက် အစည်းအဝေး နှစ်ကြိမ်ပြန်လုပ်ပြီး တည်နေရာနဲ့ ဒီဇိုင်းပုံစံ ပြည်လည်ရွေးချယ် အတည်ပြုခဲ့ တယ်လို့လည်းဆိုပါတယ်။
လမ်းနယ်နဲ့မလွတ်ကင်းတဲ့ ဗိုလ်မှူးကြီး ဗထူးကျောက်စာတိုင်ကို မတ်လ ၂၈ ရက်ကဖြိုချပြီး ဗထူးပန်းခြံမှာ ပြောင်းရွေ့ဖို့ ဆုံးဖြတ်ခဲ့ပေမယ် ဒေသခံလိုလားချက်အရ အစည်းအဝေးပြန်လုပ်ပြီး နဂိုမူလနေရာအနီးမှာ တည်ဆောက်သွားမယ်လို့ သိရပါတယ်။
ကျောက်စာတိုင် ဖြစ်မြောက်ရေးကော်မတီကို ဒေသခံနဲ့ ရပ်မိရပ်ဖတွေနဲ့ ပြည်လည် ဖွဲ့စည်းပြီး ဧပြီလကုန်မှာ အပြီးသတ်တင်ပြရမယ်လို့ သိရပါတယ်။
ခွန်ရာဇာ