A d v e r t i s e m e n t With Us

အောင်​ပန်းက ဗိုလ်​မှူးကြီးဗထူး​ကျောက်​စာတိုင်ကို မူလနေရာအနီး ပြန်တည်ဆောက်မည်

အောင်​ပန်းမြို့မှာ အသစ်​ပြန်​​ဆောက်​မယ့် ဗိုလ်​မှူးကြီး ဗထူး​ကျောက်​စာတိုင်​ပုံစံကို ရန်​ကုန်​ကဗိသုကာပညာရှင်​​ခေါ်ပြီး ပြန်​လည်​တည်​​ဆောက်​မယ်​လို့  အောင်​ပန်းမြို့ မြို့နယ်​အ​ထွေ​ထွေ အုပ်​ချုပ်​ရေးမှူးက ပြောပါတယ်။ေ​ကျာက်​စာတိုင်​​ပြောင်း​ရွေ့ဖို့နဲ့ ပတ်​သက်​ပြီး ​ဝေဖန်​မှု​တွေမြင့်တက်​လာတဲ့အတွက်​ အစည်းအ​ဝေး နှစ်​ကြိမ်​ပြန်​လုပ်​ပြီး တည်​​နေရာနဲ့ ဒီဇိုင်းပုံစံ ပြည်​လည်​​ရွေးချယ် ​အတည်​ပြုခဲ့ တယ်လို့လည်းဆိုပါတယ်။ လမ်းနယ်​နဲ့မလွတ်​ကင်းတဲ့ ဗိုလ်​မှူးကြီး ဗထူး​ကျောက်​စာတိုင်​ကို မတ်​လ ၂၈ ရက်​ကဖြိုချပြီး ​ဗထူးပန်းခြံမှာ​ ပြောင်း​ရွေ့ဖို့ ဆုံးဖြတ်​ခဲ့ပေမယ်​ ​ဒေသခံလိုလားချက်​အရ အစည်း​အဝေးပြန်​လုပ်​ပြီး နဂိုမူလ​​နေရာအနီးမှာ တည်​​ဆောက်​သွားမယ်​လို့ သိရပါတယ်​။ ​ကျောက်​စာတိုင်​ ဖြစ်​​မြောက်​​ရေး​ကော်​မတီကို ​ဒေသခံနဲ့ ရပ်​မိရပ်​ဖတွေနဲ့ ပြည်​လည်​ ဖွဲ့စည်းပြီး ဧပြီလကုန်​မှာ အပြီးသတ်​တင်​ပြရမယ်လို့ သိရပါတယ်။   ခွန်ရာဇာ

A d v e r t i s e m e n t With Us

More News
Up