A d v e r t i s e m e n t With Us

လစ်ဗျားတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း လူ ၂၅ ဦးထက်မနည်း သေဆုံး

ဓာတ်ပုံ - Reuters
လစ်ဗျားတောင်ပိုင်း မြို့တော် ထရီပိုလီမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း လူ ၂၅ ဦးထက်မနည်း သေဆုံးတယ်လို့ ထရီပိုလီအခြေစိုက် ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ သေဆုံးသူတွေထဲမှာ တိုက်ခိုက်ရေးသမားနဲ့ အရပ်သားတွေပါဝင်ပြီး ဒဏ်ရာရသူ အယောက် ၈၀ ရှိတယ်လို့ သိရပါတယ်။ မကြာသေးခင်က တိုက်ပွဲတွေအတွင်း တပ်မှူး ဟက်ဖ်တာရဲ့ အမျိုးသားအစောင့်တပ် (LNA) က တပ်ဖွဲ့ဝင် ၁၉ ဦး ကျဆုံးတယ်လို့ LNA တပ်ဖွဲ့က ပြောပါတယ်။ LNA တပ်ဖွဲ့ဟာ ထရီပိုလီမြို့က နိုင်ငံတကာ အသိအမှတ်ပြု အစိုးရအဖွဲ့ဆီ ချဥ်းကပ်လာနေတာပါ။ ဧပြီ ၈ ရက်နေ့ကတော့ အရှေ့နဲ့အနောက် တပ်နှစ်တပ်အကြား တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တဦးရဲ့ ဈာပန ပြုလုပ်ခဲ့ပါတယ်။ LNA တပ်ဖွဲ့ဟာ ကန္တာရကို အလွယ်တကူဖြတ်ကျော်ပြီး မြို့တော် ထရီပိုလီ အလယ်ပိုင်းကို ချီတက်နေချိန်မှာပဲ လူသေဆုံးတာတွေနဲ့ နေရပ်စွန့်ခွာတာတွေ မြင့်တက်နေတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up