ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ အသင်းနှင့် လေ့ကျင့်ခန်းပြန်ဆင်း
ပီအက်စ်ဂျီကြယ်ပွင့် နေမာဟာ ၂ လကြာ ဒဏ်ရာကြောင့် အနားယူခဲ့ရပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက စပြီးတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီလို့ သိရပါတယ်။
ပေါင် သန်း ၂၀၀ နီးပါး တန်ကြေးရှိတဲ့ နေမာဟာ ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့လာပြီးနောက် ခြေစွမ်းပြခဲ့ပေမယ့် ဒဏ်ရာပြဿနာကြောင့် ကာလရှည်ကြာ အနားယူနေရသူလည်း ဖြစ်ပါတယ်။
နေမာဟာ ပြီးခဲ့တဲ့ရက်က လေ့ကျင့်ရေးကွင်းမှာ ကြံ့ခိုင်ရေးနည်းပြ ရီကာဒို ရိုဆာနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီး ဘောလုံးဆွဲပြေးတဲ့ လေ့ကျင့်ခန်းတွေ၊ အနှေးပြေးတာတွေနဲ့ ကန်ချက်တချို့ကို လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှာ အမ်ဘာပီ၊ ဒီမာရီယာတို့နဲ့ ပွဲထွက်နေရတဲ့ ပီအက်စ်ဂျီအသင်းအတွက် နေမာ ဒဏ်ရာက ပြန်လည်သက်သာလာခြင်းဟာ အသင်းအတွက် အားတက်စရာ ဖြစ်ခဲ့ပါတယ်။