A d v e r t i s e m e n t With Us

ထောက်လှမ်းရေးအကြီးအကဲ ရန်းဒေါ့ဖ် အဲလက်စ်ကို သမ္မတ ထရမ့် ရာထူးက ထုတ်ပယ်

ဓာတ်ပုံ - Reuters
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထောက်လှမ်းရေးအကြီးအကဲ ရန်းဒေါ့ဖ် အဲလက်စ်ကို ရာထူးကနေ ထုတ်ပယ်လိုက်တယ်လို့ စီအန်အန်က ဧပြီ ၈ ရက်နေ့မှာ ကြေညာပါတယ်။ ဒါဟာ အမျိုးသားလုံခြုံရေး ထိပ်တန်းတာဝန်ရှိသူ တဦးဖြစ်တဲ့ ပြည်တွင်းလုံခြုံရေးဝန်ကြီး ကီယာစ်ဂျန် နီလ်ဆင် ရာထူးကနုတ်ထွက်ပြီး တရက်အကြာမှာ ဖြစ်ခဲ့တာပါ။ အခုလိုထုတ်ပယ်တာဟာ ပြည်တွင်းလုံခြုံရေးဌာနက သဘောထား မတိုက်ဆိုင်သူတွေကို စနစ်တကျ ဖယ်ရှားတာဖြစ်တယ်လို့ အုပ်ချုပ်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က သမ္မတ ထရမ့်ရဲ့ မာရာလာဂို အပန်းဖြေစခန်း စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းဝင်ရောက်လာတဲ့ တရုတ်အမျိုးသမီးတဦးကို ဖမ်းဆီးပြီးနောက် သမ္မတ ထရမ့်က ထောက်လှမ်းရေးအဖွဲ့ကို ချီးမွမ်းခဲ့ပါတယ်။ အဲဒီအမျိုးသမီးဟာ လက်ကိုင်ဖုန်း လေးလုံး၊ ခရီးဆောင်ကွန်ပျူတာ တလုံး၊ external hard drive တခုနဲ့ mareware ပါရှိတဲ့ မန်မိုရီစတစ်တခုကို သယ်ဆောင်လာတယ်လို့ အစိုးရရှေ့နေတွေက ဆိုပါတယ်။ ထောက်လှမ်းရေးအကြီးအကဲ ရန်းဒေါ့ဖ် အဲလက်စ်ကို ရာထူးကနေ ထုတ်ပယ်တာနဲ့ ပတ်သက်လို့ အိမ်ဖြူတော်က မှတ်ချက်ပြုပြောကြားတာ မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up