လိုင်ယွန်အသင်းခေါင်းဆောင် ဖက်ကီရာ လီဗာပူးသို့ ရောက်ရှိရန် နီးစပ်နေ

လိုင်ယွန်အသင်းခေါင်းဆောင် နေဘယ် ဖက်ကီရာဟာ လီဗာပူးအသင်းကို ရောက်ရှိဖို့ အနီးစပ်ဆုံးဖြစ်နေပြီး ဆေးစစ်မှုအောင်မြင်ခဲ့သလို အနီရောင်ဂျာစီကို ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ကူးတဲ့အထိ အခြေအနေ ဖြစ်ခဲ့တယ်လို့ အေးဂျင့်ဖြစ်သူက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ သေချာသလောက်ဖြစ်ခဲ့တဲ့ ဖက်ကီရာရဲ့ သတင်းဟာ ဒူးဒဏ်ရာ ရရှိခဲ့တယ်ဆိုတဲ့ သတင်းကြောင့် အဆုံးသတ်သွားခဲ့ရတာလည်း ဖြစ်ပါတယ်။ ဖက်ကီရာအနေနဲ့ လိုင်ယွန်အသင်းမှာ အဓိက ကစားသမား ဖြစ်လာခဲ့တာကြောင့် လတ်တလောမှာတော့ လီဗာပူးအသင်းကို ပြောင်းရွှေ့ဖို့ မသေချာသေးဘဲ လီဗာပူးနည်းပြ ကလော့ပ်ရဲ့ ပြောကြားချက်အရတော့ အသင်းရဲ့ ငွေသုံးစွဲမှုအပေါ်ပဲ မူတည်နေပါတယ်။ လီဗာပူးအသင်းဟာ လတ်တလောမှာတော့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားလမ်းကြောင်းပေါ်မှာ အခြေအနေကောင်းနေတဲ့ အသင်းဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာဝေးကွာနေတဲ့ ဆုဖလားအိပ်မက်ကို ပြန်လည်အသက်သွင်းနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

More News
Up