A d v e r t i s e m e n t With Us

ဟာဇက်၏ သွင်းဂိုးများဖြင့် ဝက်စ်ဟမ်းကိုနိုင်ပြီး ချဲလ်ဆီး အဆင့် ၃ နေရာ တက်လှမ်း (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးက ဝက်စ်ဟမ်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အိမ်ရှင် ချဲလ်ဆီးအသင်းဟာ ဟာဇက်၊ ဟီဂူအင်၊ ဂျော်ဂျင်ဟို၊ ကန်တေးတို့အပြင် လူငယ်ကစားသမားတွေဖြစ်တဲ့ အိုဒွိုင်းနဲ့ လော့ဖ်တပ်စ်ချိခ်တို့ကိုပါ ပွဲထွက် အသုံးပြုခဲ့သလို ဝက်စ်ဟမ်းအသင်းကလည်း ဟာနန်ဒက်ဇ်၊ အာနော်တိုဗစ်ခ်ျ၊ လန်ဇီနီ၊ နိုဘယ်လ် စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပါတယ်။ ပွဲချိန် ၂၄ မိနစ်မှာ ဟာဇက်က တကိုယ်တော် အစွမ်းပြပြီး ချဲလ်ဆီးအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်းမှာ ချဲလ်ဆီး တဂိုး ဂိုးမရှိနဲ့ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းရာမှာပါ အသာရခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ဒုတိယဂိုးကိုတော့ ပွဲပြီးကာနီးမှာ ဟာဇက်ကပဲ အနီးကပ် သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအတွက် အနိုင်ဂိုး နှစ်ဂိုးစလုံး သွင်းယူပေးခဲ့တဲ့ ဟာဇက်ကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ ချဲလ်ဆီးအသင်းက ၆၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ဝက်စ်ဟမ်းကတော့ ၄၂ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up