A d v e r t i s e m e n t With Us

ထားဝယ်မြေငလျင်စခန်းမှ ၁၉၇ မိုင်ခန့်အကွာ၌ ပြင်းအား ၅.၀ အဆင့်ရှိ ငလျင်လှုပ်

ထားဝယ်မြေငလျင်စခန်းမှ အနောက်တောင်ဘက် ၁၉၇ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်ပမှာ  အင်အားရစ်ခ်ျ တာစကေး ၅.၀ အဆင့်ရှိ အင်အား အသင့်အတင့်ရှိ မြေငလျင်တခု ဒီကနေ့မနက်က လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ ဧပြီ ၈ ရက် မြန်မာစံတော်ချိန် မနက် ၈ နာရီ၊ ၂၄ မိနစ်၊ ၅၄ စက္ကန့် အချိန်မှာ  (Andaman Islands, India Region) မြောက်လတ္တီတွဒ် (၁၂.၇၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၁) ဒီဂရီ၊ အနက်(၈၀)ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။ ငလျင်ကြောင့် ဆူနာမီ ငလျင်ရေလှိုင်း သတိပေးချက်တွေတော့ ထုတ်ပြန်ခဲ့တာ မရှိပါဘူး။ ဓာတ်ပုံ-dmh

A d v e r t i s e m e n t With Us

More News
Up