Home
မြန်မာသတင်း
လွိုင်ကော်သင်္ကြန်မဏ္ဍပ် ၅ ခု တည်ဆောက်
နော်နိုရင်း
·
April 8, 2019
ကယားပြည်နယ် လွိုင်ကော်မြို့မှာ  ပြည်နယ်အစိုးရ ဦးစီးလုပ်ဆောင်နေတဲ့ ဗဟိုသင်္ကြန် မဏ္ဍပ်အပါဝင် မဏ္ဍပ်ကြီး ၅ ခုခွင့်ပြုထားပြီး မဏ္ဍပ်ငယ်လေးတွေလည်း တည်ဆောက် နေကြတယ်လို့ လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက ပြောပါတယ်။ “ဒီ ၂၀၁၉ သင်္ကြန်အရ ဒီ ဗဟိုမဏ္ဍပ်ရှိမယ်၊ နောက်ပြီးရင် ဒကစရှိမယ်။ နောက်စိုက်ပျိုး မွေးမြူရေးနဲ့ ဆည်မြောက်ဝန်ကြီးဌာနရှိမယ်။ နောက်ပြီးလမ်းဦးစီး၊ အိုးအိမ်ဦးစီးကျေးလက်နဲ့ တံတားတခု ဒါကတော့ မဏ္ဍပ်ကြီး ၄ ခုကျနော်တို့ဆီမှာ ခွင့်ပြုထားတယ်။ ဒါပေမယ့် ကျန်တဲ့  အုန်းလက် မဏ္ဍပ်လေးတွေကတော့ ရပ်ကွက်အလိုက် ထွက်ကြမှာပေါ့။ နောက်ပြီးကျနော်တို့ မိုင်းလုံး ရပ်ကွက်အနေနဲ့ကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆောင်မှုနဲ့ မဏ္ဍပ်တခု ထပ်ဆောက်တယ်။ ” အရင်နှစ်တွေတုန်းကတော့ နောင်ယားကန်နဲ့ ထေးငှားလျားကန်မှာ မဏ္ဍပ်ကြီးတွေ တည်ဆောက်ခွင့်ပြုခဲ့ပေမယ့် ဒီနှစ်မှာတော့ ရေကစားရင်း ရေနစ်မြုပ်မှု ဖြစ်မှာစိုးရိမ်တဲ့အတွက် ကန်နားမဏ္ဍပ် ဆောက်ခွင့်မပြုတော့ဘူးလို့လည်း ဦးကျော်မိုးက ပြောပါတယ်။ ပြည်နယ်အစိုးရအနေနဲ့အဖွဲ့အနေနဲ့ကတော့ ဗဟိုမဏ္ဍပ်မှာ ဦးစီးကျင်းပတာဖြစ်ပြီး ယိမ်းအက ပြိုင်ပွဲတွေ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ နေ့စဉ် လူ ၃၀၀၀ အထွက် စတုသီသာ ကျွေးမွေးမယ်လို့လည်း ပြောပါတယ်။ “ဗဟိုမဏ္ဍပ်မှာလည်း ကျနော်တို့က ယိမ်းအကပြိုင်ပွဲက ၁၃ ဖွဲ့ရှိတာပေါ့။ ဖျော်ဖြေရေးအဖွဲ့ တွေတော့ ၁၃ ဖွဲ့ရှိပါတယ်။ အကျွေးအမွေးကတော့ အကြိုနေ့က မကျွေးပါဘူး။ အကျ၊ အကြတ်၊ အတက် ဒီ ၃ ရက်ကတော့ လူ ၃၀၀၀ စာ စီစဉ်ထားပါတယ်။ ဒါ့အပြင် ယိမ်းအကအဖွဲ့တဖွဲ့ကို ၁၅ သိန်းထောက်ပံ့ဖို့ရှိပြီး တခြား ဖျော်ဖြေရေးအပိုင်းမှာလည်း အဆိုတော်တွေကို ငှားပြီး ဖျော်ဖြေပေးဖို့ရှိတယ်လည်း ဆိုပါတယ်။ ပြည်နယ်အစိုးရအနေနဲ့ သင်္ကြန်အတွက် ကျပ်သိန်း ၁၃၀၀ ကျော်လောက် သုံးဖို့ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုအတွက် သုံးမယ်ဆိုတာကိုတော့ အသေးစိတ်မသိရဘူးလို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက ပြောပါတယ်။ “၁၃၀၀ သုံးတော့ သုံးမယ်။ ဒါပေမယ့် အဲဒီလောက်ကြီးကုန်မယ်၊ မကုန်ဘူးဆိုတာကိုတော့ ကျနော်တို့လည်း မသိပါဘူး။ ဒါပေမယ့် ရာထားတာကတော့ အစိုးရက ဒီကြီးမှူးပြီးတော့ လုပ်တဲ့အနေအထား။ ဒီဗဟိုမဏ္ဍဆိုရင်လည်း သေသေချာချာ ဆောင်ရွက်တဲ့ အနေအထား ရှိတယ်။ အခုနက ဆုကြေးတွေ၊ ပြိုင်ပွဲတွေ၊ ပြိုင်ပွဲဝင် စရိတ်ထောက်ပံ့တာတွေရှိတယ်။ ပြီးရင် သူက မြို့နယ်တိုင်းလည်းသင်္ကြန် မဏ္ဍပ်ဖြစ်အောင်ဆိုပြီးောတ့ ထောက်ပံ့ဆောင်ရွက်တာ ဆိုတော့ ကုန်ချင်လည်း ကုန်သွားမှာပေါ့လေ။” သင်္ကြန်အတွက် အသုံစရိတ် အသေစိတ်သိရဖို့ ပြည်နယ်အစိုးရရုံးကို သွားရောက်မေးမြန်း ခဲ့ပေမယ့် တာဝန်ခံဖြေကြားမယ့်သူမရှိပါဘူး။ ပြီးခဲ့တဲ့နှစ်က ဗဟိုမဏ္ဍမှာ ယိမ်းအရ ၁၁ ဖွဲ့သာရှိပြီး ဒီနှစ်မှာတော့ ၁၃ ဖွဲ့ ကပြဖျော်ဖြေမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024