A d v e r t i s e m e n t With Us

အိန္ဒိယထောင်သား ၁ဝဝ ကို ပါကစ္စတန်အစိုးရ ပြန်လွှတ်ပေး

ဓာတ်ပုံ - Reuters
ပါကစ္စတန်အစိုးရက အိန္ဒိယထောင်သား အယောက်တရာကို ဧပြီ ၇ ရက်က ပြန်လွှတ်ပေးလိုက်ပါတယ်။ ပါကစ္စတန်နိုင်ငံ ကရာချိမြို့အတွင်း ထောင်အသီးသီးက လွတ်လာတဲ့ ငါးဖမ်းသမားတွေကို လာဟိုးမြို့ဆီ ရထားနဲ့ ပို့ပေးခဲ့တာပါ။ အဲဒီကတဆင့် ဝါဂါ နယ်စပ်တံခါးပေါက်ကနေ အိန္ဒိယနိုင်ငံထဲကို ဧပြီ ၈ ရက်မှာ လွှဲပေးဖို့ စီစဉ်ထားတယ်လို့ ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။ ဧပြီ ၈ ရက်ကစပြီး အိန္ဒိယထောင်သား အယောက် ၃၆ဝ ကို လေးသုတ်ခွဲပြီး လွှတ်ပေးဖို့ ပါကစ္စတန်အစိုးရက ဆုံးဖြတ်ထားတယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးရုံး ပြောခွင့်ရ မိုဟမ်မဒ် ဖိုင်ဆယ်က ပြောပါတယ်။ ဖေဖော်ဝါရီလက နျူကလီးယား လက်နက်ပိုင်ရှင် ပြိုင်ဘက် အိမ်နီးချင်းနှစ်နိုင်ငံကြား လက်နက်ကိုင် ပဋိပက္ခအတွင်း ထိပ်တိုက်တွေ့ခဲ့ကြလို့ ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက တိုက်တွန်းခဲ့ကြတာပါ။ အိန္ဒိယအစိုးရက ထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသအတွင်း ပါကစ္စတန်အခြေစိုက် စစ်သွေးကြွတွေက ဖေဖော်ဝါရီ ၁၄ ရက်မှာ အသေခံ ကားဗုံးခွဲခဲ့လို့ အိန္ဒိယ တပ်ထိန်းရဲ အယောက် ၄၀ ထက်မနည်း သေဆုံးပါတယ်။ ဒါကြောင့် ပါကစ္စတန်နိုင်ငံထဲက စစ်သွေးကြွ သင်တန်းနေရာကို ဖေဖော်ဝါရီ ၂၇ ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယက ပြောပါတယ်။ နောက်နေ့မှာပဲ ပါကစ္စတန်က အိန္ဒိယ တိုက်လေယာဉ်တစီးကို ပစ်ချခဲ့ပြီး လေယာဉ်မှူးကို ဖမ်းခဲ့တာပါ။ ဒီနောက် နယ်စပ်မှာလည်း မြေပြင်တိုက်ပွဲတွေ ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဖမ်းထားတဲ့ လေယာဉ်မှူးကို ပါကစ္စတန်က ပြန်လွှတ်ပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up