Home
မြန်မာသတင်း
ရန်ကုန် ဒုမြို့တော်ဝန်အဖြစ် အန်အယ်လ်ဒီကိုယ်စားလှယ် ဦးစိုးလွင်ကို ရွေးချယ်
အာကာ
·
April 8, 2019
ရန်ကုန်မြို့တော် စည်ပင်သာယာ ဒုတိယမြို့တော်ဝန်အနေနဲ့ မဲဆန္ဒနယ် ၃ က အရွေးခံရတဲ့ ဦးစိုးလွင်ကို ရွေးချယ်လိုက်ပါတယ်။ ဒီနေ့ ဧပြီ ၈ ရက်နေ့က မြို့တော်ခန်းမ အစည်းအဝေးခန်းမ ၁ မှာ ကော်မတီဝင်တွေက မဲပေးရွေးချယ်လိုက်တာပါ။ အခု ရွေးချယ်ခံရတဲ့ ဦးစိုးလွင်ဟာ ဦးအောင်ခန့်၊ ဒေါ်ထက်ထက်ထွန်း၊ ဦးခင်လှိုင် (ဇောတိက) တို့ အပါအဝင် ကိုယ်စားလှယ်လောင်း ၁၀ ဦးဝင်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ် ၃ မှာ အန်အယ်လ်ဒီပါတီ ကိုယ်စားပြုအနေနဲ့ ဝင်ရောက် အရွေးချယ်ခံပြီး အနိုင်ရခဲ့သူပါ။ ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲမှာ ကော်မတီအဆင့် ၆ ဦးနဲ့ မြို့နယ် အဆင့် ၉၉ ဦး စုစုပေါင်း စည်ပင်ကိုယ်စားလှယ် ၁၀၅ ဦးကို မတ်လ ၃၁ ရက်နေ့က ရွေးချယ်ခဲ့တာပါ။ ဒီထဲမှာ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ် ၈၉ ဦး ပါဝင်ပါတယ်။ မြို့နယ်အဆင့် ရွေးကောက်ခံ ကိုယ်စားလှယ် ၉၉ ဦးထဲမှာ တသီးပုဂ္ဂလ ရွေးချယ်ခံရသူ ၁၆ ဦး ပါဝင်ပြီး ကော်မတီဝင် ၆ ဦးကတော့ အန်အယ်လ်ဒီပါတီကဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024