A d v e r t i s e m e n t With Us

ဝတ်ဖို့ဒ်က ဝုဗ်ကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ယူပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲတက် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ဝတ်ဖို့ဒ်က ဝုဗ်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ ဒီပွဲမှာ ဝုဗ်အတွက် အဖွင့်ဂိုးကို ၃၆ မိနစ်၊ ဒုတိယဂိုးကို ၆၂ မိနစ်မှာ သွင်းယူပြီး ဦးဆောင်ခဲ့ပါတယ်။ ဝတ်ဖို့ဒ်အသင်းက နောက်ကနေ လိုက်ကစားခဲ့ရပြီး ပထမချေပဂိုးကို ဒယ်လိုဖူက ၇၉ မိနစ်မှာ သွင်းယူပါတယ်။ ဒုတိယချေပဂိုးကို ပွဲပြီးကာနီး ၉၄ မိနစ်မှာ ဒီနေးက ပယ်နယ်တီကနေ သွင်းယူပြီး သရေကျလို့ အချိန်ပိုအထိ ဆက်ခဲ့ရပါတယ်။ ဒီပွဲမှာ ဝုဗ်အသင်းက ဂိုးပေါက်ခြိမ်းခြောက်တာတွေ ပိုလုပ်နိုင်ပေမယ့် ဝတ်ဖို့ဒ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပါတယ်။ အချိန်ပို ၁၀၄ မိနစ်မှာ ဝတ်ဖို့ဒ်အတွက် အနိုင်ဂိုးကို ဒယ်လိုဖူကပဲ သွင်းယူပြီး အနိုင်ရသွားပါတယ်။ ဝတ်ဖို့ဒ်ဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲကို ဒုတိယအကြိမ်မြောက် တက်ရောက်သွားတာဖြစ်ပြီး မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up