ဆူဒန်သမ္မတကို ပြည်သူ ထောင်ချီ ကန့်ကွက်ဆန္ဒပြ

ဆူဒန်နိုင်ငံ မြို့တော် ခါတွန်ရဲ့ မြို့လယ်ခေါင်က သမ္မတ အိုမာအယ်လ် ဘတ်ရှီးယားရဲ့ အိမ်တော်နားမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ဧပြီ ၆ ရက်က ချီတက်ခဲ့ပါတယ်။ သမ္မတရဲ့ နှစ် ၃၀ ကြာ အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ လနဲ့ချီ ဆန္ဒပြပွဲတွေအတွင်း အကြီးဆုံး ချီတက်ပွဲ ဖြစ်ပုံရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဆူဒန် အလံတွေ ဝှေ့ယမ်းရင်း လွတ်လပ်ရေး ငြိမ်းချမ်းရေးနဲ့ တရားမျှတရေး ကိုတောင်းဆိုတဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးရင်း သမ္မတအိမ်တော်၊ ကာကွယ်ရေး ဝန်ကြီး၊ စစ်တပ် ကွပ်ကဲရေး ဌာနချုပ်နဲ့ လုံခြုံရေး ဌာနချုပ်တို့ ရှိရာ ခြံဝင်းရဲ့ ဝင်ပေါက်တွေ အပြင်ဘက်မှာ ဆန္ဒပြသူတွေ စုရုံးခဲ့ကြပါတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်တာနဲ့ ငွေကြေးပြတ်လပ်တာက စတဲ့ ဒီဇင်ဘာ ၁၉ ရက် ဆန္ဒပြပွဲတွေကနေ တဆင့် သမ္မတရဲ့ ကာလကြာရှည် အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ ဖြစ်လာခဲ့တာပါ။ ဆူဒန် တက်ကြွလှုပ်ရှားသူတွေက ၁၉၈၅ စစ်အာဏာသိမ်းမှု နှစ်ပတ်လည် အထိမ်းအမှတ် အနေနဲ့ စနေနေ့က ဆန္ဒပြပွဲတွေကို ဆင်နွှဲဖို့ ဆော်သြခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up