မလေးရှားကမ်းခြေမှာ ဝှေ့ယမ်းခဲ့တဲ့ ဖြစ်တောင့်ဖြစ်ခဲ ရေဆင်နှာမောင်းကြီး (ရုပ်သံ)

လေဆင်နှာမောင်းလို လှည့်ပတ်ဝှေ့ယမ်းနေတဲ့ ရေဆင်နှာမောင်းတခု မလေးရှားနိုင်ငံ ပီနန်ပြည်နယ်က တန်ဂျန်းတိုကုန်းအရပ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ၀င်ရောက်ခဲ့ပြီး အနည်းဆုံး အိမ်အလုံး ၅၀ လောက် ပျက်စီးသွားတယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။ ဒီရေဆင်နှာမောင်းကြီးဟာ တန်ဂျန်းတိုကုန်း ကမ်းရိုးတန်းတလျောက်မှာ ငါးမိနစ်လောက် လှည့်လည်သွားလာနေပြီး အဲ့ဒီနောက်မှာတော့ မြေပြင်ကို ရောက်ရှိလာခဲ့ပါတယ်။ ဒီရေဆင်နှာမောင်းကြောင့် အိမ်အချို့ရဲ့အမိုးတွေပျက်စီးခဲ့ရပြီး သစ်ပင်တွေလည်း လဲကုန် တယ်လို့ ဒေသတွင်းအရာရှိတဦးကပြောပါတယ်။ ဒီအခြေအနေကို မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတွေက ဗွီဒီယိုတွေ၊ ဓာတ်ပုံတွေ ရိုက်ကူးကာ လူမူကွန်ရက်ပေါ် ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

More News
Up