A d v e r t i s e m e n t With Us

ပြင်သစ် အဆောက်အဦတခု မီးလောင်၊ မီးသတ် အယောက် ၈ဝ ဖြင့် ငြှိမ်းသတ်ခဲ့ရ

ပြင်သစ်မြို့တော် ပါရီက အမှတ် ၁၉ စီရင်စုမှာ ဧပြီ ၆ ရက်က အဆောက်အဦတခု မီးလောင်ခဲ့ပြီး မီးသတ်သမားအယောက် ၈၀ ပါတဲ့အဖွဲ့က မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ပြင်သစ်မြို့တော် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ သေဆုံးဒဏ်ရာရသူ ရှိမရှိ မသိရသေးဘူးလို့ ဆိုပါတယ်။ ပါရီမြို့ မြောက်ပိုင်းက မက်ဒေါနယ် ရိပ်သာလမ်းပေါ်က တိုက်ခန်းတွဲမှာ မီးလောင်ခဲ့တာလို့ ပြင်သစ်မီဒီယာတွေမှာ ဖော်ပြပါတယ်။ “ပါရီ မီးသတ်တပ်ဖွဲ့က မီးကို လုံးဝ ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့တယ်၊ မီးလောင်မှုကို ဖြေရှင်းတဲ့ နေရာမှာ သတ္တိနဲ့ ပိုင်းဖြတ်မှုအတွက် ချီးကျူးဂုဏ်ပြုတယ်” လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး ခရစ်စတို့ဖှ် ကတ်စ်တာနာက တွစ်တာလူမှုကွန်&က်ပေါ်မှာ စနေနှောင်းပိုင်းက ရေးသားထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up