A d v e r t i s e m e n t With Us

လှေတစီးဝင်တိုက်သဖြင့် ဘရာဇီးလ် မိုဂျူမြစ်ပေါ်က တံတား ပြိုကျ

ဘရာဇီးလ်နိုင်ငံ ပါရာပြည်နယ် မိုဂျူမြစ်ပေါ်က တံတားကို လှေတစီးက ဝင်တိုက်အပြီး တံတားအစိတ်အပိုင်းတခု ဧပြီ ၆ ရက်က ပြိုကျခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းတွေကတဆင့် ပြောင်းနဲ့ ပဲပုတ်စေ့လို ကောက်ပဲသီးနှံတွေ သင်္ဘောနဲ့တင်ပို့မှု တစိတ်တပိုင်း ထိခိုက်ခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေနဲ့ စိုက်ပျိုးရေးအခြေပြု စီးပွားရေး အကြံပေးတို့က ပြောပါတယ်။ ခုလိုမျိုး မတော်တဆဖြစ်တာ ပထမဆုံးအကြိမ် မဟုတ်ဘူးလို့ အုပ်ချုပ်ရေးမှူး ဟဲလ်ဒါ ဘာဘယ်ဟိုက တွစ်တာလူမှုကွန်ရက်ကနေ ပြောပါတယ်။ တံတားပြိုကျချိန်မှာ ကား ၂ စီး တံတားပေါ်က ဖြတ်မောင်းနေခဲ့တယ်လို့ ဘရာဇီးအစိုးရ သတင်းဌာန အဂျန်စီယာ ဘရာဇီးလ်က ပြောပါတယ်။ တံတားကို ဝင်တိုက်ခဲ့တဲ့ လှေပေါ်မှာ ဝန်ထမ်းတွေလည်း မရှိဘူးလို့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောပါတယ်။ ဒီဖြစ်ရပ်ကြောင့် ထိခိုက် သေဆုံးမှု ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up