A d v e r t i s e m e n t With Us

တောင်ဆင်း စက်ဘီးစီးပြိုင်ပွဲ မြန်မာ အဆင့် ၆ ရရှိ

ြပိုင်ပွဲ၀င် တဦး(ဓာတ်ပံု- ဒီဗွီဘီ)
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ ရက်ကြာ ပြုလုပ်ခဲ့တဲ့  နိုင်ငံတကာ ဒေါင်းဟေး (DOWNHILL) တောင်ဆင်း ခရီးကြမ်း စက်ဘီးစီးပြိုင်ပွဲရဲ့ လူသစ်တန်းပြိုင်ပွဲမှာ  မြန်မာနိုင်ငံက စက်ဘီးအားကစားအဖွဲ့က ပထမဆုံး အကြိမ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကိုအောင်နိုင်ထွန်းက အဆင့် ၆ ရရှိခဲ့ပါတယ်။ ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၁၀ နိုင်ငံလောက် စက်ဘီးသမား ၁၅၀  ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့ကြ တာဖြစ်ပြီး၊ အရှေ့တောင်အာရှ နိုင်ငံတွေထဲက ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ မြန်မာ ၄ နိုင်ငံတို့ ပါဝင်ပါတယ်။ [caption id="attachment_32160" align="alignleft" width="300" caption="ပြိုင်ပွဲဝင် တဦး(ဓာတ်ပုံ- ဒီဗွီဘီ)"][/caption] ပြိုင်ပွဲကတော့ တောင်ထိပ်တခုပေါ်ကနေ သတ်မှတ်လမ်းကြောင်းအတိုင်း အဆင်းလမ်းချည်းပဲ  တောက်လျှောက် အောက်ကို စီးနင်းကြရတာဖြစ်ပြီး အချိန်အနည်းဆုံးနဲ့ စီးနင်း ဆင်းနိုင်သူကို ပထမဆုပေးအပ်တာ ဖြစ်ပါတယ်။ ကိုအောင်နိုင်ထွန်းက “ကိုယ့်ဘီးနဲ့ မပြိုင်ရတဲ့အတွက် ဘီးမှာအားနည်းချက်ရှိတာတို့၊ ကိုယ့်ဘီးမဟုတ်တော့ စီးရတာ နည်းနည်း ခက်ခဲတာတော့ ရှိတယ်။ အားသာချက်ကတော့ ကျနော်တို့ မန္တလေးမှာဆို ကိုယ့်ဘီးနဲ့ကိုယ် အပေါ်တွန်းတက်ရတာရှိတယ်။ ဒီမှာကျတော့ ကားတွေနဲ့ အကုန်လုံးကို အပေါ်ထိပ်ဆုံးကို လိုက်ပို့ပေးတယ်။ အောက်ချပြီး စီးလိုက်ရုံပဲ။” ကိုအောင်နိုင်ထွန်းဟာ တောင်ပေါ်ကနေ တောင်အောက်အရောက်ထိ ၃ မိနစ်နဲ့ ၅၀ စက္ကန့်ကြာ စီးနင်းခဲ့တာ ဖြစ်ပြီး ပထမ ရသွားသူ နယူးဇီလန် စက်ဘီးစီးသမားကတော့ ၂ မိနစ် ၄၅ စက္ကန့် စီးနင်းခဲ့တာ ဖြစ်ပါတယ်။ ဒီ တောင်ဆင်း စက်ဘီးစီးအားကစားနည်းကို လာမယ့် ၂၀၁၃ ခုနှစ် မြန်မာပြည်မှာလုပ်မယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာလည်း ထည့်သွင်း ကျင်းပမှာ ဖြစ်ပါတယ်။ အခု ပြိုင်ပွဲအတွေ့အကြုံအရ မြန်မာက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ပြိုင်ပွဲမှာ ဘာတွေ ပြင်ဆင်လုပ်ဆောင်သင့်သလဲဆိုတာနဲ့ပတ်သက်ပြီး စက်ဘီးစီးသမားတဦးဖြစ်တဲ့ ကိုအောင်အောင်က အခုလို ပြောပါတယ်။ “ဒီမှာလာပြိုင်တော့ အတွေ့အကြုံက မြန်မာပြည်နဲ့တော့ အများကြီး ကွာခြားတယ်။ မြန်မာပြည်မှာတော့ အများကြီးလုပ်ဖို့ လိုနေသေးတယ်၊ ဒါကလည်း မြန်မာပြည်က အခုမှ ဒီအားကစားနည်းကို စလုပ်တဲ့အတွက် လိုအပ်ချက်တွေတော့ ရှိမှာပဲ။ ဒါပေမယ့် ကိုယ်အိမ်ကွင်းကို လေ့ကျင့်ပြီး ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်မယ်ဆိုရင်တော့ ဆီးဂိမ်းအတွက် ရလဒ်ကတော့ မဆိုးလောက်ပါဘူး။ ကိုယ့်အိမ်ကွင်းကို အကြိမ်များများနဲ့ အမြန်ဆုံးစီးနိုင်ရင်တော့ ရွှေ ရမှာပဲ။ ဒီမှာတော့ အကုန်စီးကြတာပဲ။ ဒါပေမယ့် ထိုင်းက စက်ဘီးစီးသမားက ၁ ရက်ကို ၁၀ ခေါက်ထက်မနည်း လေ့ကျင့်ထားတဲ့အတွက် အမြင့်ခုန်ပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံ ၂ ယောက်ကို ကျော်ပြီး ထိုင်းက လူငယ်အားကစားသမား တယောက်က ရသွားတယ်။ ဒါက သင်ခန်းစာယူစရာပေါ့။ ပွဲကိုပိုင်အောင် အသုံးချသွားတာပေါ့။” အောက်တိုဘာ ၂၀ နဲ့ ၂၁ ရက် ချင်းမိုင်မှာပြုလုပ်သွားတဲ့ တောင်ဆင်းခရီးကြမ်းစက်ဘီးစီးပြိုင်ပွဲကို မန္တလေးမြို့က စက်ဘီးစီး ၀ါသနာရှင် လူငယ်တွေ သူတို့အစီအစဉ်နဲ့ သူတို့ ဆက်သွယ်ပြီး လာရောက် ယှဉ်ပြိုင်ခဲ့ကြ တာဖြစ်ပါတယ်။ လူသစ်တန်းပြိုင်ပွဲမှာ မြန်မာစက်ဘီးစီးသမား ၂၇ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up