A d v e r t i s e m e n t With Us

ပုသိမ်​-မုံရွာလမ်းတွင် ဆီဘောက်ဆာယာဉ်နှင့်လိုက်ထရပ်ယာဉ် တိုက်မိ၊ ၈ ဦးသေဆုံး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊  မြိုင်​မြို့နယ် ပုသိမ်​-မုံရွာလမ်းမမှာ ဒီနေ့ မနက်ပိုင်းက ဆီဘောင်ဆာယာဉ်နဲ့ လိုက်ထရပ်ယာဉ်တို့ တိုက်မိတဲ့အတွက် ခရီးသည် ၈ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဧပြီ ၇ ရက်​​နေ့ မနက်​ ၆ နာရီလောက် ပုသိမ်​-မုံရွာလမ်းမ မြိုင်​မြို့နယ်​ ​တောရွာကျေးရွာနဲ့ လင်းက​တော ​ကျေးရွာကြား မိုင်​တိုင်​အမှတ်​- ၄၁၆/၇ နဲ့ ၄၁၇/၀ ကြားမှာ ဆီ​ဘောင်​ဆာနဲ့ လိုက်​ထရပ်ကားတို့ တိုက်​မိခဲ့ပြီး လိုက်​ထရပ်​ကား​ပေါ်မှာ လိုက်​လာတဲ့ ခရီးသည်​ ၈ ဦး​သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်​ရာရရှိခဲ့တာပါ။ ​သေဆုံးသူနဲ့ ဒဏ်​ရာရသူ​တွေဟာ မြိုင်​မြို့နယ် ​အုပ်​ဖို​ကျေးရွာကလို့ သိရပါတယ်​။ ယာဉ်တိုက်မှုနဲ့ပတ်​သက်ြ​ပီး သက်​ဆိုင်​ရာ နယ်​​မြေရဲစခန်းမှာ ဥပ​ဒေအတိုင်းစီစဉ်​​ ​ဆောင်​ရွက်​​နေတယ်လို့ သိရပါတယ်​။ ဓာတ်​ပုံ - နိုင်​လင်း​အောင်

A d v e r t i s e m e n t With Us

More News
Up