Home
မြန်မာသတင်း
ရန်ကုန် ဒုမြို့တော်ဝန်ကို မနက်ဖြန် ရွေးချယ်မည်
အာကာ
·
April 7, 2019
ရန်ကုန်မြို့တော်စည်ပင်သာယာ ရွေးကောက်ခံကော်မတီဝင် ၆ ဦး ထဲက ဒုမြို့ တော်ဝန်ကို ဧပြီ ၈ ရက်နေ့မှာ ရွေးချယ်သွားမယ်လို့ မဲဆန္ဒနယ်၎ ကော်မတီဝင် ဦးစိန်အုန်းက ဒီဗွီဘီကို ပြောပါတယ်။ မတ်လ ၃၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၆ ခုကနေ ကော်မတီဝင် ၆ ဦးကို ရွေးချယ်ခဲ့တာပါ။ မဲဆန္ဒနယ် အမှတ် ၄ က ရွေးချယ်ခံရတဲ့ ကော်မတီဝင် ဦးစိန်အုန်းက “မနက်ဖြန် (ဧပြီ ၈) ကျနော်တို့ ကော်မတီဝင် အသစ်တွေကို အစည်းအဝေးခေါ်ထားတယ်။ ပြီးရင် ဒုမြို့တော်ဝန် ရွေးမယ်။ ရွေးပြီးရင် အစိုးရအဖွဲ့ကို တင်မယ်။ လာမယ့် သောကြာ ဧပြီ ၁၂ ရက်နေ့ ကျရင် ကော်မတီဝင်တွေရော၊ မြို့နယ်ကော်မတီဝင်တွေရော ကျမ်းသစ္စာကျိန်ဆိုကြမယ်”လို့ ပြောပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲမှာ ကော်မတီအဆင့် ၆ ဦးနဲ မြို့နယ်အဆင့် ၉၉ ဦး စုစုပေါင်း စည်ပင်ကိုယ်စားလှယ် ၁၀၅ ဦးကို မတ်လ ၃၁ ရက်နေ့က ရွေးချယ်ခဲ့တာပါ။ ဒီထဲမှာ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ် ၈၉ ဦး ပါဝင်ပါတယ်။ မြို့ နယ်အဆင့် ရွေးကောက်ခံ ကိုယ်စားလှယ် ၉၉ ဦးထဲမှာ တသီးပုဂ္ဂလ ရွေးချယ်ခံရသူ ၁၆ ဦး ပါဝင်ပြီး ကော်မတီဝင် ၆ ဦးကတော့ အန်အယ်လ်ဒီပါတီက ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024