Home
မြန်မာသတင်း
မန္တလေးမြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံခြင်း ဖျက်သိမ်း
DVB
·
April 7, 2019
မန္တလေးမြို့တွင်း လမ်းမကြီး ၇ နေရာကို ယာဉ်ရပ်နားခ ကောက်ခံမှု ဒီနေ့က စတင်ပြီး ဖျက်သိမ်းလိုက်တယ်လို့ မန္တလေးမြို့တော်ဝန် က ထုတ်ပြန်ပါတယ်။ လေလံစနစ်နဲ့ ယာဉ်ရပ်နားခ ကောက်ခံနေတဲ့ မန္တလေးမြို့က အဓိကလမ်းမကြီး ၇ နေရာကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ လမ်း ၈၀… ၂၇လမ်းမှ ၃၃ လမ်းထိ၊ ၈၂လမ်း… ၂၆လမ်းမှ ၃၀ လမ်းထိ၊ ၈ ၃လမ်း… ၂၆ လမ်းမှ ၃၀ လမ်းထိ၊ ၈၄ လမ်း...၂၆ လမ်းမှ ၂၈ လမ်းထိ၊ ၂၆ လမ်း...လမ်း၈၀ မှ ၈၄ လမ်းထိ၊ ၃၅ လမ်း… လမ်း ၈၀မှ ၈၄လမ်းထိ၊ လမ်း ၃၀...၇၄လမ်းမှ ၇၈ လမ်းထိ ဆေးရုံကြီးရှေ့တို့ကို လေလံစနစ် ယာဉ်ရပ်နားခကောက်ခံတာတွေကို ဖျက်သိမ်းလိုက်တာပါ။ လေလံမှရရှိမယ့်ငွေမှာ တနှစ် သိန်း ၁၅၀၀ ကျော်ရရှိမှာဖြစ်ပေမယ့် မြို့တော်နေပြည်သူတွေအတွက် ငွေကြေးကို အဓိကမထားဘူးလို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့ရဲ့ ဖေ့ဘွတ်ခ်စာမျက်မှာ ရေးသားဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024