Home
မြန်မာသတင်း
သိမ်းဆည်းမြေပြန်ရရေး ကျောက်ဆည်တောင်သူများ ထွန်​တုံးတိုက်​ပွဲ ဆင်နွှဲ
Aung Aung Naing
·
April 7, 2019
နှစ်ပေါင်း ၃၀ နီးပါး သိမ်းဆည်းခံခဲ့ရတဲ့မြေ ပြန်လည်ရရှိဖို့ ဧပြီ ၆ ရက်​​နေ့ မနက်​က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဆူးလေကုန်းအုပ်စု မောင်းထောင်ကွင်းမှာ တောင်သူတွေက ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်​​ပေါင်း ၃၀ နီးပါးကတည်းက တာဝန်ရှိသူတွေက စီမံကိန်းစားကျက်​​မြေဆိုပြီး သိမ်းဆည်းခဲ့တာလို့ တောင်သူ ကိုအေးကျော်က ပြောပါတယ်။ “ပညာ​ရေး၊ လူမှု​ရေး၊ စီးပွားရေးတွေ ပျက်စီးခဲ့ရတယ်​။ မိသားစုစားဝတ်နေရေး အခက်အခဲတွေဖြစ်လို့ ဌာနဆိုင်ရာတွေ၊ လွှတ်​​တော်ကိုယ်​စားလှယ်​​တွေ​ကို လူကိုယ်​တိုင်​​ရော၊ စာနဲ့​ရော အမျိုးမျိုးတင်ပြပေမယ့် အရေးယူဆောင်ရွက်မပေးလို့ ခုလို ထွန်တုံးတိုက်ပွဲဆင်နွှဲရတာ။” သိမ်းဆည်းခံ​မြေဧကပေါင်း ၂၂၂ ဧကရှိပြီး တောင်သူ ၂၄ ဦးဆီက သိမ်းယူခဲ့ပြီး သီးစားအငှားချ စိုက်ပျိုးထားတယ်လို့ ဆိုပါတယ်။ စီမံကိန်းစားကျက်မြေဆိုပြီး သိမ်းဆည်းခဲ့​ပေမယ့် စီမံကိန်း အကောင်အထည်မဖော်ခဲ့တဲ့ သိမ်းဆည်မြေတွေကို လူမျိုးခြားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်​​တွေကို အငှါးချထားတာ နှစ်ပေါင်း ၃၀ နီးပါးရှိတာ​ကြောင့် ၂၀၁၂ ကစပြီး တိုင်း​ဒေသကြီးအစိုးရ၊ လွှတ်​​တော်ကိုယ်​စားလှယ်​​တွေနဲ့ ဌာနဆိုင်ရာအသီးသီးကို တရားဝင်းတိုင်းကြားခဲ့​ပေမယ့် ဒီနေ့အထိ အ​ရေးယူဆောင်​ရွက်​​မပေးဘူးလို့ မြေ ၁၂ ဧက သိမ်းခံရသူ တောင်သူ ဒေါ်တုတ်က ပြောပါတယ်။ “​အန်တီတို့မြေတွေဟာ ဘိုးဘွားပိုင်မြေတွေပါ၊ အထောက်အထားတွေ အကုန်ရှိပါတယ်၊ အခွန်​​ဆောင်​ထားတဲ့ အ​ထောက်​အထား​တွေ အကုန်​ရှိပါတယ်။ သိမ်းဆည်းခံရကတည်းက သားသမီးတွေလည်း တကွဲတပြားစီ အခြားအငှါးထွက်လုပ်နေရတယ်။ ​အန်တီတို့မြေတွေ ပြန်ရချင်လို့ အခုလိုထွန်​တုံးတိုက်​ရတာပါ။” သိမ်းဆည်း​မြေ ၂၂၂ ဧကနဲ့ ပတ်သက်ပြီး သက်​ဆိုင်​ရာ လွှတ်​​တော်ကိုယ်​စားလှယ်​တွေကို ဆက်​သွယ်​​မေးမြန်းလို့ မရခဲ့ပါဘူး။ သတင်းနှင့်ဓာတ်ပုံ - အောင်အောင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024