Home
မြန်မာသတင်း
မုံရွာဟိုတယ်တွင် ၁ ရက်တည်း မီးနှစ်ကြိမ် လောင်ကျွမ်း
Aung Ko Latt
·
April 7, 2019
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းဘေးရှိ မုံရွာဟိုတယ်မှာ ဧပြီ ၆ ရက်နေ့ တရက်တည်းမှာ မီးလောင်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး မီးလောင်တဲ့ အခန်းတွေမှာ ဧည့်သည်မရှိဘူးလို့ သိရပါတယ်။ "မနက်ပိုင်းလောင်တာက ရေချိုးခန်းအတွင်းက Exault Fan အပူလွန်ကဲပြီးလောင်တာ။ အခုညနေ လောင်တာကတော့ စစ်ဆေးနေဆဲပါ" လို့ မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ ပထမအကြိမ်က မနက် ၃ နာရီကျော်အချိန်က လောင်ကျွမ်းခဲ့တာဖြစ်ပြီး အခန်းတွင်းရှိ ပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့ကာ တန်ဖိုးကျပ် ၉၈၀၀၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့ပါတယ်။ ညနေပိုင်း ၃ နာရီကျော်အချိန်မှာလည်း မုံရွာဟိုတယ်အတွင်း မနက်ကလောင်တဲ့ တိုက်ခန်းတွဲနဲ့ ကပ်လျက်တိုက်ခန်းတွဲက အစွန်ဆုံးအခန်းမှာ ထပ်မံလောင်ကျွမ်းခဲ့ပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မီးသတ်တပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်လို့ မသိရသေးပါဘူး။ မုံရွာမြို့နယ်မှာ ၂၀၁၉ ခုနှစ်အတွင်း ဇန်နဝါရီလမှာ မီးလောင်မှု ၃ ကြိမ်၊ ဖေဖော်ဝါရီလမှာ ၉ ကြိမ်၊ မတ်လမှာ ၇ ကြိမ်၊ ဧပြီလ ပထမပတ်မှာ အခုမီးလောင်မှုအပါအဝင် ၃ ကြိမ်ရှိပြီဖြစ်ပါတယ်။ ဖော်ပြတဲ့ မီးလောင်မှုတွေထဲ တောမီး၊ ကိုင်းတောမီးနှင့် အမှိုက်ပုံမီးတွေ မပါဝင်သေးပါဘူး။ ၂၀၁၈ ခုနှစ်အတွင်း မုံရွာမြို့နယ်အနေနဲ့ မီးလောင်မှု ၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024