လိုက်ဇစ်က လေဗာကူဆန်ကို ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ နာမည်ကြီး ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာပဲ လိုက်ဇစ်က လေဗာကူဆန်ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ လေဗာကူဆန်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၀ မိနစ်လောက်မှာ ပင်နယ်တီကနေ သွင်းယူပါတယ်။ လိုက်ဇစ်အတွက် ချေပဂိုးကိုတော့ ၁၇ မိနစ်မှာ ဖရီးကစ်ကနေ တိုက်ရိုက် ကန်သွင်းယူပါတယ်။ ခြေစွမ်းသိပ်မကွာတဲ့ နှစ်သင်းတွေ့လို့ အကြိတ်အနယ်ရှိခဲ့ပြီး လေဗာကူဆန်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပါတယ်။ လေဗာကူဆန်အတွက် ဒုတိယဂိုးကို ၂၃ မိနစ်မှာ သွင်းယူပါတယ်။ ဧည့်သည် လိုက်ဇစ်အတွက် ဒုတိယချေပဂိုးကို ၆၄ မိနစ်ကျမှ အဝေးကစ်ကနေ သွင်းယူပါတယ်။ အဲဒီနောက်ပိုင်း ၇၁ မိနစ်မှာ လိုက်ဇစ်အတွက် တတိယဂိုးကို  ပင်နယ်တီကနေ သွင်းယူပြီး အပိတ်ဂိုးကို ၈၃ မိနစ်မှာ ကွင်းလယ်သမား ခူညာက သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ လိုက်ဇစ်က ၅၅ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာကို တက်သွားပြီး လေဗာကူဆန်က အဆင့် ၈ နေရာကို ကျဆင်းသွားပါတယ်။

More News
Up