A d v e r t i s e m e n t With Us

ဘိုင်ယန်မြူးနစ်က ပြိုင်ဘက် ဒေါ့မွန်ကို ၅ ဂိုးပြတ် ချေမှုန်း (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ နာမည်ကြီး နှစ်သင်းထိပ်တိုက်တွေ့တဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ဒေါ့မွန်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ အိမ်ရှင် ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို နောက်တန်းသမား ဟမ်းမဲက ပွဲအစ ၁၀ မိနစ်မှာ သွင်းယူပါတယ်။ ဒုတိယဂိုးကို ဒေါ့မွန် နောက်တန်းရဲ့ အမှားကနေ တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက သွင်းယူပါတယ်။ ဘိုင်ယန်အတွက် တတိယဂိုးကို ၄၁ မိနစ်မှာ မာတီနက်ဇ်က သွင်းယူပါတယ်။ ဒီပွဲမှာ ဘိုင်ယန် ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်သလို ဂိုးပေါက်ကန်သွင်းခွင့် အကြိမ်ရေ ၁၀ ကြိမ်အထိ ရခဲ့ပါတယ်။ ဒေါ့မွန်ကတော့ ကန်သွင်းခွင့် ၁ ကြိမ်ပဲ ရခဲ့ပါတယ်။ စတုတ္ထဂိုးကို နာဘရီက ၄၃ မိနစ်မှာ တဖက်နောက်ခံလူတွေကြားထဲကနေ သွင်းယူပါတယ်။ အပိတ်ဂိုးကို ၈၉ မိနစ်မှာ တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက အလွယ်တကူပဲ အနီးကပ် ပိတ်ယူပြီး အနိုင်ရသွားပါတယ်။ ဘိုင်ယန်ဟာ ဘွန်ဒတ်စ်လီဂါမှာ ၇ ပွဲဆက်တိုက် အနိုင်ရတာပါ။ ဒီပွဲနိုင်တဲ့ ဘိုင်ယန်က ၆၄ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ကို တက်ရောက်သွားပြီး ဒေါ့မွန်က ၆၃ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up