လက်စတာက ဟတ်ဒါဖီးလ်ကို ၄-၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စတာက ဟတ်ဒါဖီးလ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဟတ်ဒါဖီးလ်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး လက်စတာအတွက် အနိုင်ဂိုးတွေကို တိုင်လီမန်းစ်၊ ဗာဒီနဲ့ မက်ဒီဆန်တို့က သွင်းယူပါတယ်။ ဟတ်ဒါဖီးလ်အတွက် တလုံးတည်းသော ချေပဂိုးကို ၅၂ မိနစ်မှာ ပင်နယ်တီကနေ သွင်းယူပါတယ်။ ဒီပွဲမှာ လက်စတာက ဂိုးပေါက်ကန်သွင်းခွင့် ၉ ကြိမ်အထိ ရခဲ့ပါတယ်။ ဟတ်ဒါဖီးလ်က ကန်သွင်းခွင့် ၄ ကြိမ်ရခဲ့ပါတယ်။ လက်စတာ တိုက်စစ်မှူး ဗာဒီ ဒီပွဲမှာ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ် ခံရပါတယ်။ ဒီပွဲနိုင်တဲ့ လက်စတာက ၄၇ မှတ်နဲ့ အဆင့် ၇ ကို တက်လှမ်းသွားပြီး ဘရိုက်တန်က ၃၃ မှတ်နဲ့ အဆင့် ၁၆ ကို ဆင်းသွားပါတယ်။

More News
Up