A d v e r t i s e m e n t With Us

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး၏ လင်မယားကွာရှင်းမှု ၃၅ ဘီလီယံခန့်ဖြင့် စံချိန်တင်

ကမ္ဘာ့အချမ်းသားဆုံး အမျိုးသားဖြစ်တဲ့ အမေဇုန် ဝက်ဘ်ဆိုဒ်တည်ထောင်သူ ဂျဖ်ဘီဇို့စ်နဲ့ သူ့ဇနီးသည် မက်ကန်ဇိုင်းတို့ဟာ ကွာရှင်းဖို့ သဘောတူညီမှု ရရှိသွားကြပြီဖြစ်ပြီး ကွာရှင်းစရိတ်ဟာ အနည်းဆုံး ဒေါ်လာ ၃၅ ဘီလီယံလောက်ရှိတာကြောင့် ဒါဟာ သမိုင်းတလျောက် စံချိန်တင် ကွာရှင်းမှုဖြစ်လာနိုင်တယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။ မက်ကန်ဇိုင်းဟာ ဒေါ်လာ ၃၅ ဒသမ ၆ ဘီလီယံနဲ့ ညီမျှတဲ့ အမေဇုန်ကုမ္ပဏီရဲ့ ရှယ်ယာ ၄ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသူပါ။ အမေဇုန်ကို ဂျဖ်ဘီဇို့စ်က ၁၉၉၄ ခုနှစ် သူတို့နှစ်ဦး လက်ထပ်ပြီး တနှစ်အကြာမှာ တည်ထောင် ခဲ့တာဖြစ်ပြီး မက်ကန်ဇိုင်းဟာ ကုမ္ပဏီရဲ့ ပထမဆုံး ဝန်ထမ်းတွေထဲက တဦးလည်း ဖစ်ပါတယ်။ ကွာရှင်းမှုနဲ့ ပတ်သတ်လို့လက်ရှိ အချိန်အထိ နှစ်ဖက်စလုံးက အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေကိုသာ ပြုလုပ်ထားပြီး ကွာရှင်းမှုနဲ့ သက်ဆိုင်တဲ့ ငွေကြေးဆိုင်ရာ အသေးစိတ် အချက်အလက်တွေကတော့ ပေါ်ထွက်လာခြင်း မရှိသေးပါဘူး။ အမေဇုန် ရှယ်ယာတွေကြောင့် မက်ကန်ဇိုင်းဟာ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးစာ ရင်းမှာ နံပါတ် ၃ နေရာကို ရောက်ရှိသွားမှာဖြစ်ပြီး လျော်ကြေးပေးလိုက်ရပေမယ့် ဂျဖ်ကတော့ ကမ္ဘာ့အချမ်း သာဆုံးအဖြစ် ဆက်ရှိနေမယ်လို့ Forbes သတင်းက ဖော်ပြပါတယ်။ ဂျဖ်နဲ့ ဝတ္ထုဆရာမ တဦးဖြစ်တဲ့ မက်ကန်ဇိုင်းတို့ဟာ ၁၉၉၃ ခုနှစ်မှာ လက်ထက်ခဲ့တာဖြစ်ပြီး သူတို့မှာ သားသမီး လေးဦးရှိပါတယ်။ အိမ် ထောင်ရေးပြတ်ဆဲမှုပြုလုပ်ခဲ့တာကြောင့် ဂျဖ်ဟာ ကုမ္ပဏီရဲ့ ရှယ်ယာ ၁၆ ဒသမ ၃ ရာခိုင်နှုန်းကိုပိုင်ဆိုင်ထား ဆဲဖြစ်ပြီး အဲဒီပိုင်ဆိုင်မှုရဲ့ ၇၅ ရာခိုင်နှုန်းကိုဆက်ထိန်းထားနိုင်ပေမယ့် မက်ကန်ဇိုင်းကတော့ သူမရဲ့ မဲပေးရွေး ချယ်ပိုင်ခွင့်အားလုံးကို ပြန်လွဲပေးရမှာဖြစ်ပါတယ်။ ဒါအပြင်သူမဟာ ဝါရှင်တန်ပို့စ်သတင်းစာရဲ့ အကျိုးအမြတ်တဲ့ ဂျဖ်ပိုင်ဆိုင်တဲ့ Blue Origin အာကာသ ခရီးသွားကုမ္ပဏီက အကျိုးအမြတ်တွေကိုတော့ စွန့်လွှတ်ရမှာ ဖြစ် ပါတယ်။ အမေဇုံသူဌေးကြီး ဂျဖ်ဘီဇို့စ်ဟာ လက်ရှိအချိန်မှာ Fox ရုပ်သံစတားဟောင်းတဦးဖြစ်တဲ့ လော်ရန် ဆန်းချက်ဇ်နဲ့ တွဲခုတ်နေတယ်လို့လဲ သတင်းတွေမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up