အောင်ပန်းမြို့နယ် ကျောက်မီးသွေးတွင်းတွင် အမျိုးသား ၃ ဦး အောက်ဆီဂျင်ပြတ် သေဆုံး
DVB
·
April 6, 2019
ရှမ်းပြည်နယ် အောင်ပန်းမြို့နယ်က ကျောက်မီးသွေးကျင်းမှာ အောက်ဆီဂျင်ပြတ်တာကြောင့် အမျိုးသား ၃ ဦး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၅ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်က အောင်ပန်းမြို့နယ်၊ နောင်ရဲကျေးရွာရှိ ကျောက်မီးသွေးတူးဖော်ရေးတာဝန်ခံ မောင်မောင်ရွှေရဲ့ ကပြုသာ မိုင်းနင်းကျောက်မီးသွေး တူးဖော်ရေးလုပ်ကွက်မှာ ကျင်းလုပ်သား ဦးမောင်ဆန်း (၄၂) နှစ်ပါ ကျား ၃ ဦးဟာ ကျောက်မီးသွေးကျင်းအနက် ပေ ၂၀ လောက်မှာ ကျောက်မီးသွေးတူးဖော်စဉ် အောက်စီဂျင်ပြတ်ပြီး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးခဲ့တာကြောင့် အောင်ပန်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အောင်ပန်းနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၉) နဲ့ ရေးဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။