ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခဲ့သူ ၅ဝ ကျော်ကို နီကာရာဂွါအစိုးရ ပြန်လွှတ်ပေး

1.1K
သမ္မတ အိုတေဂါကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံရသူ အယောက် ၅၀ ကို နီကာရာဂွါအစိုးရက ဧပြီ ၅ ရက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
ဒါပေမယ့် နိုင်ငံရေး အကျဉ်းသား အရေအတွက်နဲ့ ပတ်သက်ပြီး အစိုးရနဲ့ အတိုက်အခံတွေအကြား သဘောထား ကွဲပြားတာတွေ ဆက်ရှိနေဆဲပါပဲ။
နီကာရာဂွါနိုင်ငံရေး အကျပ်အတည်းအတွက် အစိုးရနဲ့ အတိုက်အခံတွေအကြား ဆွေးနွေးနေချိန်မှာပဲ အကျဉ်းသားလွှတ်ရေးမှာ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ပါဝင်မယ်ဆိုတဲ့ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဆန္ဒပြပွဲ ကာလအတွင်း အစိုးရက လူအယောက် ၂၆၀ ထိန်းသိမ်းခဲ့တယ်လို့ ပြောပေမယ့် အတိုက်အခံတွေကတော့ လူ ၆၀၀ ကျော် ထိန်းသိမ်းခံရတယ်လို့ ဆိုပါတယ်။
နီကာရာဂွါအစိုးရနဲ့ အတိုက်အခံတွေအကြား တွေ့ဆုံဆွေးနွေးပွဲကို ရိုမန် ကတ်သလစ် ဘုရားကျောင်းက ကြားဝင်ဆောင်ရွက်ပေးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖြော်ပထားပါတယ်။