Home
မြန်မာသတင်း
မိုင်းကန်သစ်တောကြိုးဝိုင်းအတွင်း တရားမ၀င်ကျွန်းသစ်ခွဲသား ၁၀ တန်ကျော် ဖမ်းမိ
DVB
·
April 6, 2019
မိုင်းတုံမြို့နယ်​ မိုင်းကန်​သစ်​​တောကြိုးဝိုင်းအတွင်း တပ်​မ​တော်​စစ်​​ကြောင်းက တရားမ၀င် ကျွန်းခွဲသား ၁၀ တန်​​ကျော်​ ပိုင်​ရှင်​မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။ ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်း မိုင်းဆတ်​ခရိုင်​ မိုင်းတုံမြို့နယ်​ မိုင်းကန်​သစ်​​တောကြိုးဝိုင်း ဧရိယာအတွင်း စစ်​ဗျူဟာအ​ခြေချ (မိုင်းတုံ) လက်​​အောက်​ခံတပ်​မ​တော်​လှုပ်ရှား ​စစ်​​ကြောင်းက တရားမဝင်​ ခွဲစိတ်​စုပုံထားတဲ့ ကျွန်းခွဲသားဆိုဒ်​စုံ ၂၀၂၃ ​ချောင်းကို ပိုင်​ရှင်​မဲ့ ဖမ်းဆီးရမိခဲ့ပြီး မိုင်းတုံမြို့နယ် ​သစ်​​တောဦးစီးဌာနကို ဧပြီ  ၅ ရက်​​နေ့မှာ လွှဲ​ပြောင်းအပ်​နှံခဲ့တယ်လို့ မြို့နယ်​သစ်​​တောဦးစီးအရာရှိ ဦးဖိုးချိုက ​ပြောပါတယ်​။ "ဖမ်း​မိခဲ့တာ​တော့ မတ်​ ၂၉ ရက်​​နေ့ကတည်းကပါ။ တဆင့်ချင်း သယ်​ယူ​ရေးကိစ္စ​တွေ ​ဆောင်​ရွက်​​နေလို့ တပ်​မ​တော်​က ဒီနေ့မှ လွှဲ​ပြောင်းအပ်​နှံလို့ သစ်​​တောဥပ​ဒေအရ အ​ရေးယူနိုင်​ဖို့​ ဆောင်​ရွက်​သွားမှာပါ။" မိုင်းဆတ်​ခရိုင်​အတွင်း တရားမဝင်​သစ်​ ထုတ်​လုပ်​သယ်​​ဆောင်​တာ မရှိ​စေ​ရေး တပ်​မ​တော်​လှုပ်​ရှားစစ်​​ကြောင်းတွေက နယ်​​မြေရှင်းလင်း​​ဆောင်​ရွက်ပြီး ပြည်​သူသတင်း​ပေးစနစ် ​ကျင့်သုံး​ကာ ​ဖော်​ထုတ်​ဖမ်းဆီးတာတွေ ဆက်​တိုက်​​ဆောင်​ရွက်​ နေတာပါ။ အဆိုပါ ဖမ်းဆီးရမိတဲ့ ကျွန်းခွဲသားတွေကို မိုင်းတုံသစ်​​တောဦးစီးဌာနက သစ်​​တောဥပ​ဒေပုဒ်​မ ၄၃ (က) အရ အ​ရေးယူဖို့ ​အမှုဖွင့် ဆောင်​ရွက်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024