Home
မြန်မာသတင်း
ဘူးသီးတောင်တွင် တပ်မတော်နှင့်အေအေအဖွဲ့ တိုက်ပွဲဖြစ်ပွား၊ ဒေသခံများ ထွက်ပြေး
DVB
·
April 6, 2019
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင်း မြန်မာတပ်မတော်နဲ့ အေအေတပ်ဖွဲ့ အကြား ဒီနေ့ မနက် ၉ နာရီကစပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဖုံညိုလိပ်ကျေးရွာတာဝန်ခံ ရှော်ဖိလ်က ပြောပါတယ်။ ဘူးသီး​တောင်​မြို့နယ်​ ဖုံညိုလိပ်​​ကျေးရွာနဲ့ သရက်​ပြင်​​ကျေးရွာအကြား ​တပ်​မ​တော်​နဲ့ ​အေ​အေတို့ တိုက်​ပွဲ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။ "ဒီ​နေ့ နက်​ ၉ နာရီ​အချိန်​​လောက်​မှာ စဖြစ်​​နေကြတာပါ။ ဖုံညိုလိပ်​​ကျေးရွာ နဲ့ သရက်​ပြင်​ကြားမှာပါ။ လက်​နက်​ကြီး လက်​နက်​ငယ်​တွေ ဆူညံစွာနဲ့ တိုက်​ပွဲဖြစ်​​နေတာကြား​နေရပါတယ်။ ကျနော်​တို့ ဖုံညိုလိပ်​ ဘင်္ဂါလီရွာမှာက စစ်​​ဘေး ဒုက္ခသည်​ ၁၈၀၀ ​ကျော်​​ရောက်​ရှိ​နေပါတယ်။ ​ဒီလိုတိုက်​ပွဲ​တွေ ရွာအနီး ဆက်​ဖြစ်​လာ​တော ရွာသူ/သား​တွေရော စစ်​​ဘေးဒုက္ခသည်​တွေပါ အလွန်​စိုးရိမ်​​နေကြပါတယ်​။ အခုရွာထဲဘက်​ကို ၀င်​​ရောက် ​ပစ်​ခတ်​တာတွေေ​ကြာင့် ကျေးရွာသား​တွေ အသက်​လုပြီး ထွက်​​ပြေး​နေကြတယ်။” ဧပြီ ၅ ရက်​​နေ့ မနက်ပိုင်းကလည်း ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း  ၀ါးနက်ရုံ ကျေးရွာအနီးမှာ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ အေအေ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောကြားပါတယ်​။ “ဧပြီ ၅ ရက်​​နေ့မနက်ပိုင်း၊ ဘူးသီးတောင်မြို့နယ် မြောက်ဘက်မှာပေါ့နော် ဒီ ၀ါးနက်ရုံအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ တိုက်ပွဲကတော့ တော်တော်လေး ပြင်းပြင်းထန်ထန်နဲ့ ဖြစ်ခဲ့တယ်။ ရန်သူ့ဘက်ကနေပြီးတော့ ၁၀ ဦးထက် အထက် ကျဆုံးတာရှိတယ်။ ရန်သူဆီကနေပြီးတော့ RPG တလက် အပါဝင်ပေါ့နော် လက်နက် ၁၀ လက်သိမ်းဆီးရခဲ့တာ ရှိတယ်။ နောက် ၆၀ မမဗုံးသီးတွေ၊ နောက်အခြား စစ်အသုံးဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိတာ ရှိတယ်။" အ​နောက်​ပိုင်းတိုင်းစစ်​ဌာနချုပ်​ ​​ပြော​ရေးဆိုခွင့်ရှိသူ ဗိုလ်​မှူးကြီး ၀င်း​ဇော်​ဦးက “မ​နေ့က ၀က်​နက်​ရုံမှာဖြစ်​တာ​တော့မှန်​ပါတယ်​။ လက်​နက်​​တွေ သိမ်းမိတာက​တော မဟုတ်​ပါဘူး။ ​အေ​အေက သက်​သက်​၀ာဒဖြန့်​တာပါ။ ထိ​တွေတိုက်​ပွဲတွေက​တော ​နေ့စဉ်​လိုလိုဖြစ်​​နေပါတယ်​၊ ဒီ​နေ့ သရက်​ပြင်​နဲ့ ဖုံညိုလိပ်​ကြားဖြစ်​တာ​တော့ မသိ​သေးပါဘူး” လို့ ​ပြောပါတယ်​။ ဆင်သေပြင်၊ ထိပ်တူးပေါက်၊ အာဘူ၊ တောင်ရွာ၊ သရက်ပြန်။ ဖုံညိုလိပ်၊ ရေချမ်းပြင်၊ ကျောက်ရံ၊ ကြာညိုပြင် စတဲ့ ဘဂါင်္လီ​ကျေးရွာတွေက လူဦးရေ  ၁၀၀၀၀ နီပါး စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024