သိမ်းဆည်းမိသည့် ကိုးကင်း ၇ တန်ကျော် အမေရိကန်တပ်ဖွဲ့ ချပြ

The Coast Guard Cutter Forward (WMEC-911) crew stand amongst 34,780 pounds of interdicted cocaine aboard at Port Everglades, Florida, Feb. 5, 2019. The Forward crew offloaded approximately 34,780 pounds of cocaine at Port Everglades worth an estimated $466 million wholesale seized in international waters in the Eastern Pacific Ocean. Coast Guard Photo by Petty Officer 3rd Class Brandon Murray.
922
ဧပြီ ၅ ရက်က အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ဟာ သိမ်းဆည်းရမိတဲ့ ကိုကင်း ၇ တန်ကျော်ကို သင်္ဘောပေါ်ကနေချပြီး ပြသခဲ့ပါတယ်။
အဲဒီ ကိုကင်းတွေဟာ ကာလတန်ဖိုး အမေရိကန် ဒေါ်လာ သန်း ၁၉၀ ၀န်းကျင်ရှိပြီး မက္ကဆီကို၊ ဗဟိုအမေရိကနဲ့ တောင်အမေရိက ကမ်းလွန်နေရာ ၆ ခုကနေ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ကြားဖြတ်ဟန့်တား သိမ်းဆည်းခဲ့တာပါ။
အဲဒီ စစ်ဆင်ရေးတွေကို ပြီးခဲ့တဲ့ ၇ လအတွင်း ကမ်းခြေစောင့်တပ်ဖွဲ့ရေယာဉ် Active၊ Steadfast နဲ့ Waesche တို့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ဆင်ရေးအတွင်း မူးယစ်မှောင်ခို ၁၀ ယောက် ဖမ်းဆီးရမိပြီး သူတို့ကို အမေရိကန် နိုင်ငံမှာ တရားစွဲဆိုသွားမှာပါ။
အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူက အဲဒီစစ်ဆင်ရေးအတွက် တပ်ဖွဲ့ဝင်တွေဟာ နာရီများစွာ လေ့ကျင့်ထားရပြီး ဒါဟာ စောင့်စားနေတဲ့ ကျေနပ်ဖွယ် အခိုက်အတန့်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။