ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆု ဗန်ဒိုက် ရသင့်ဟု ဂယ်ရီနဗီးလ်ပြော

990
အခုနှစ်ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားဟာ လီဗာပူး နောက်တန်းသမား ဗန်ဒိုက်ဖြစ်တယ်လို့ မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြောကြားလိုက်ပါတယ်။
ဗန်ဒိုက်ဟာ နောက်ခံလူ ၄ ဦးစလုံးရဲ့အလုပ်ကို လုပ်ကိုင်နေသူဖြစ်ပြီးတော့ တနှစ်တာအကောင်းဆုံး ကစားသမားဆုကို ရာနှုန်းပြည့်ရရှိသင့်တယ်လို့ သူ့ရဲ့အမြင်ကိုသုံးသပ်ခဲ့တာလည်းဖြစ်ပါတယ်။
ဂယ်ရီနဗီးလ်က သူ့ရဲ့ကစားသမားသက်တမ်းတလျှောက်မှာ ဂျက်စတမ်း၊ ဂရယ်ပေါ်လစ်စတာ၊ ရီယိုဖာဒီနန်တို့အပြင် ဗန်ဒိုက်ဟာလည်း အကောင်းဆုံး နောက်ခံလူဖြစ်တယ်လို့ ဆိုပါတယ်။
နယ်သာလန်ခံစစ်မှူး ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ရာသီက ဆောက်သမ်တန်အသင်းကနေ စံချိန်တင်ပြောင်းရွှေ့ကြေးတရပ်နဲ့ လီဗာပုးအသင်းကိုရောက်ရှိလာခဲ့ပြီး ခြေစွမ်းတောက်လျောက် ပြထားနိုင်သူလည်းဖြစ်ပါတယ်။