Home
မြန်မာသတင်း
ဆိုင်ကယ် ၈ စီး ခိုးယူသူ ၂ ဦးအား ကလေးမြို့တွင် ဖမ်းမိ
DVB
·
April 6, 2019
ကလေးမြို့နယ် ကျောင်းတိုက်ရွာက ဆိုင်ကယ် ၈ စီး ခိုးယူသူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဆိုင်ကယ်ပိုင်ရှင်တွေကို ရှာဖွေနေတယ်လို့ နယ်ထိန်းရဲတပ်ဖွဲ့က ပြောပါတယ်။ ကလေးမြို့နယ် ကျောင်းတိုက်ရွာ ဆိုင်ကယ်ဝပ်ရှော့ကနေ ခြေရာခံမိတဲ့ ဆိုင်ကယ်ခိုးသူ ၂ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ရာက တပတ်အတွင်း ၈ စီး ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ နယ်ထိန်းရဲတပ်ဖွဲ့ ရဲတပ်သား ဒါရင်ထန်းက "ကျနော်တို့ ပြီးခဲ့တဲ့ မတ်လ ကုန်ခါနီးက ကျောင်းတိုက်ရွာ နယူမိုး ဆိုင်ကယ်ဝပ်ရှော့မှာ မသကာင်္ဖွယ် ဆိုင်ကယ်လာပြင်တယ်သတင်းအရ သွားရောက်စုံစမ်းရင်း ဖမ်းမိတာ။ ဒီနေ့ထိ စစ်ဆေးနေတာ ၈ စီးပေါ်ပြီ။" ဆိုင်ကယ်ခိုးယူသူ ကျောင်းတိုက်ရွာနေ ညိုလင်းနဲ့ အောင်ဇော်လင်း တို့ကို ဖမ်းဆီးမိခဲ့ဖြစ်ပြီး ပိုင်ရှင်တွေတော့ မသိရသေးဘူးလို့ ဒါရင်ထန်းက ပြောပါတယ်။ "ပိုင်ရှင်မပေါ်သေးဘူး။ ပုံတွေပြပြီး ဖော်ထုတ်ဖို့နဲ့ လူမှုကွန်ရက်သုံး ဖော်ထုတ်ဖို့လည်း လုပ်နေတယ်။" ကိုညိုလင်းနဲ့ ကိုအောင်ဇော်လင်းတို့ကို ပုဒ်မ ၃၈၀ နဲ့ အရေးယူနိုင်ဖို့အတွက် ဖမ်းဆီး အမှုဖွင့်ပြီး ကလေးမြို့မရဲစခန်းက စစ်ဆေးနေတယ်လို့ သိရပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024