ဂရိနိုင်ငံဘက် ဝင်ရောက်ရန် ကြိုးစားသည့် ဒုက္ခသည် ၂၀၀ ကို တူရကီရဲ ဖမ်းဆီး

တူရကီနိုင်ငံမြောက်ပိုင်း အီဒီနဲလ်ပြည်နယ်ကနေတဆင့် ဂရိနိုင်ငံဘက်ကို ကုန်းတွင်းပိုင်းကနေ ကျော်ဖြတ်ဖို့ ကြိုးစားနေတဲ့ ရွှေ့ပြောင်းဒုက္ခသည် အယောက် ၂၀၀ ကို တူရကီရဲတပ်ဖွဲ့က ဖမ်းခဲ့တယ်လို့ နိုင်ငံပိုင် အန်နာဒိုလူ သတင်းဌာနက ဧပြီ ၄ ရက်နေ့မှာ ပြောပါတယ်။ လူမှုမီဒီယာလှုပ်ရှားမှု တွန်းအားကြောင့် များပြားတဲ့ ဒုက္ခသည် လူအုပ်တွေဟာ တူရကီ-ဂရိ နယ်စပ်ကို ရောက်ဖို့ အီဒီနဲလ်ပြည်နယ်ကို ခရီးနှင်လာကြတာပါ။ အဲဒီလူအုပ်ကို တားဆီးဖို့ ရဲအင်အားတိုးမြှင့်ပြီး လုံခြုံရေး တင်းကျပ်ထားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပင်လယ်ရေကြောင်းကတဆင့်  ဥရောပဒေသကို ရောက်ရှိဖို့ ကြိုးစားကြတဲ့ ရွှေ့ပြောင်းဒုက္ခသည် တသန်းကျော်အတွက် တူရကီဟာ အဓိကကျတဲ့ ထွက်ရပ်ဒေသတခု ဖြစ်လာခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသက ထွက်ပြေးလာကြတဲ့ အဲဒီ ရွှေ့ပြောင်းဒုက္ခသည်တွေဟာ ပဋိပက္ခ စစ်ပွဲတွေနဲ့ ဆင်းရဲနွမ်းပါးမှုကြောင့် မိခင်နိုင်ငံတွေကို စွန့်ခွာလာခဲ့ကြတာပါ။ တူရကီကမ်းရိုးတန်းရေပြင်ကနေ မိုင်အနည်းငယ်သာ ကွာဝေးတဲ့ ဂရိကျွန်းတွေကို ထွက်ေပြးရင်း ရာချီတဲ့ ဒုက္ခသည်တွေ သေဆုံးပြီးနောက် ၂၀၁၆ ခုနှစ်မှာ တူရကီဟာ ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် စီးဝင်မှုကို ထိထိရောက်ရောက် လျေျာ့ချခဲ့ပါတယ်။ မြောက်အာဖရိကဒေသကနေတဆင့် အန္တရာယ်များတဲ့ မြေထဲပင်လယ်ခရီးကို ဖြတ်ကျော်ပြီး အီတလီနိုင်ငံကို ရောက်လာကြတဲ့ ရွှေ့ပြောင်းဒုက္ခသည် အရေအတွက်ဟာ ၂၀၁၅ ခုနှစ်မှာ လူပေါင်း တသန်းကျော်အထိ ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ သုံးသိန်းခြောက်သောင်းအထိ လျော့ကျခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ စုစုပေါင်း တသိန်းခုနှစ်သောင်းကျော်အထိ ထပ်မံလျော့ကျခဲ့တယ်လို့ ကုလသမဂ္ဂ အချက်အလက်တွေက ဖော်ပြပါတယ်။

More News
Up