နာရီပိုင်းအတွင်း ကြည့်ရှုသူ ၂၇ သန်းကျော်သွားသည့် ကေပေါ့ပ်အဖွဲ့ Blackpink သီချင်းသစ် (ရုပ်သံ)

နာမည်ကြီး အမျိုးသမီး ကေပေါ့ပ်တေးဂီတအဖွဲ့ တဖွဲ့ဖြစ်တဲ့ Blackpink အဖွဲ့ရဲ့ Kill This Love အမည်ရတဲ့ သီချင်းဟာ ထွက်ရှိပြီး နာရီပိုင်းအတွင်းမှာပဲ ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။ အမိုက်စား၊ အလန်းစား ရိုက်ချက်တွေ၊ သီဆိုဟန်တွေနဲ့ ထွက်ရှိလာတဲ့ ဒီသီချင်းဟာ ယူကျု အင်တာနက်စာမျက်နှာပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂၇ သန်းကျော်နေခဲ့ပြီ ဖြစ်ပါတယ်။ နာမည်ကြီး ကေပေါ့ပ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ 2NE1၊ G-Dragon၊ Big Bang စတဲ့ အနုပညာရှင်တွေကို မွေးထုတ်ပေးခဲ့တဲ့ တောင်ကိုရီးယားရဲ့ နာမည်ကျော် YG Entertainment အဖွဲ့က စင်တင်မွေးထုတ်လိုက်တဲ့ Blackpink အဖွဲ့ဟာ လက်ရှိမှာတော့ ကမ္ဘာတလွှား ကေပေါ့ပ်ပရိသတ်တွေ သန်းနဲ့ချီ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မိန်းကလေးအဖွဲ့ဝင် ၄ ယောက်ဖြစ်တဲ့ Jisoo၊ Jennie၊ Rosé၊ Lisa တို့နဲ့ ဖွဲ့စည်းထားတဲ့ Blackpink အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ တကိုယ်တော်အယ်လ်ဘမ် Square One နဲ့ စတင်ပြီး အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့အဖွဲ့ရဲ့ မနှစ်က ထွက်ရှိခဲ့တဲ့ Ddu-Du-Ddu-Du သီချင်းဟာ တရက်အတွင်း ယူကျုပေါ်မှာ ကြည့်ရှုမှုအများဆုံး စံချိန်တင်နိုင်ခဲ့တာဖြစ်ပြီး Blackpink အဖွဲ့ဟာ ယူကျုပေါ်မှာတော့ ပရိသတ် ၂၁ သန်းကျော်ရှိတဲ့ နာမည်ကြီး ကေပေါ့ပ်အဖွဲ့ ဖြစ်ပါတယ်။ လတ်တလော ထွက်ရှိလာခဲ့တဲ့ Kill This Love သီချင်းအမ်တီဗွီကတော့ ယူကျုပေါ် ရေပန်းစားနေတဲ့ စာရင်းထဲမှာ ပါဝင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up