A d v e r t i s e m e n t With Us

မန်ယူနောက်ခံလူ အဲရစ် ဘိုင်ယီကို ရီးရဲလ် ခေါ်ယူရန် ပစ်မှတ်ထား

မန်ချက်စတာယူနိုက်တက်အသင်း နောက်တန်းကစားသမား အဲရစ် ဘိုင်ယီကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ် ပါဝင်လာပါတယ်။ အိုင်ဗရီကို့စ် ကစားသမားကို လာမယ့် နွေရာသီမှာ ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းပေးပြီး ခေါ်ယူဖို့ ရီးရဲလ်က ကြိုးစားလာတာပါ။ ဗဟိုနောက်ခံလူ အဲရစ် ဘိုင်ယီဟာ ဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေရတဲ့အတွက် ပုံမှန် ပွဲထွက်ကစားခွင့်တွေ ဆုံးရှုံးခဲ့ပါတယ်။ ကာယကံရှင်ကိုယ်တိုင်ကလည်း ရီးရဲလ်က ခေါ်ယူဖို့ ပစ်မှတ်ထားတဲ့အပေါ် အံအားသင့်နေပြီး အသင်းပြောင်းဖို့ ဆန္ဒရှိနေပါတယ်။ မန်ယူအသင်းကလည်း ဒီနှစ်နွေရာသီမှာ နောက်တန်းကစားသမားအသစ်တွေ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဘိုင်ယီဟာ ဒီနှစ်ရာသီမှာ မန်ယူအတွက် ၁၃ ပွဲပဲ ပွဲထွက်ကစားခွင့် ရထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up