A d v e r t i s e m e n t With Us

ဘူးသီးတောင်တိုက်ပွဲအတွင်း ဘင်္ဂါလီ ၆ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ တပ်မတော်နဲ့ ရခိုင့်တပ်မတော် အေအေတို့ တိုက်ပွဲအတွင်း ဘင်္ဂါလီ ၆ ဦး သေဆုံးခဲ့ပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ဧပြီ ၃ ရက်က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ၀ါးခုတ်ချောင်းကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ အေအေတပ်ဖွဲ့နဲ့  တပ်မတော်တို့ တိုက်ပွဲကြား သေဆုံးခဲ့တာပါ။ ဘူးသီးတောင်မြို့နဲ့ ၀ါးခုတ်ချောင်းကျေးရွာအပါအ၀င် အနီးပတ်ဝန်းကျင် ကျေးရွာတွေကို  အေအေအဖွဲ့ အင်အား ၁၅၀ လောက်ဟာ ဧပြီ ၃ ရက် မွန်းလွဲပိုင်းက ရောက်ရှိလာတာကို အခိုင်အမာ သတင်းရလို့  တပ်မတော်က ပစ်ခတ် နှိမ်နင်းခဲ့တယ်။ ဒီလို ပစ်ခတ်နှိမ်နင်းတာကို မကျေနပ်လို့  ဘူးသီးတောင်မြို့နယ်၊ ဖုန်ညိုလိပ် ကျေးရွာအနီးရှိ နယ်မြေခံတပ်ဌာနချုပ်ကို အေအေက အဲ့ဒီနေ့ ည ၇ နာရီ မိနစ် ၅၀ လောက်မှာ လက်နက်ကြီးတွေနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ စိုင်းဒင်ချောင်းအနီး အေအေတပ်ဖွဲ့ကို ပစ်ခတ်နှိမ်နင်းရာမှာ အေအေနဲ့ အတူရှိနေတဲ့ သရက်ပြင်၊ ဒဖြူချောင်း၊ ကင်းတောင်၊ ထိပ်တူးပေါက်နဲ့ ဖုန်ညိုလိပ်ကျေးရွာတွေက ဘင်္ဂါလီ ၆ ဦး သေဆုံးခဲ့ပြီး ၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးသတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up