ဆိုင်ကလုန်းဒဏ်သင့် မိုဇမ်ဘစ်နိုင်ငံတွင် ကာလဝမ်းရောဂါ ကာကွယ်ဆေး တိုက်ကျွေး

946
ဆိုင်ကလုန်း ၀င်ရောက်ခဲ့တဲ့ မိုဇမ်ဘစ်နိုင်ငံ ဘေးရာဆိပ်ကမ်းမြို့မှာ ကာလ၀မ်းရောဂါ ကာကွယ်ဆေး တိုက်ကျွေးတဲ့ လှုပ်ရှားမှုကို ဧပြီလ ၃ ရက်မှာ ကျန်းမာရေးဝန်ထမ်းတွေက စတင်လုပ်ဆောင်ခဲ့ပါတယ်။
နိုင်ငံအတွင်း ကာလ၀မ်းရောဂါကူးစက်သူ ၁၄၀၀ ကျော်နေတာကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ကာကွယ်ဆေးတိုက်ကျွေးတာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောပါတယ်။
ကာလ၀မ်းရောဂါ ကာကွယ်ဆေး ၉ သိန်းကို မိုဇမ်ဘစ်နိုင်ငံဆီ သဘောင်္နဲ့ ပို့ဆောင်ပေးပြီး ရောက်ရှိလာတဲ့ ကာကွယ်ဆေးတွေကို ၆ ရက်အတွင်း ခရိုင် ၄ ခုက လူ ၉ သိန်းကို တိုက်ကျွေးမှာ ဖြစ်ပါတယ်။
ကာလ၀မ်းရောဂါ စတင် ဖြစ်ပွားတယ်လို့ ကြေညာတဲ့ မတ် ၂၇ ရက်က စလို့ သေဆုံးသူ တဦးအပါအ၀င် ရောဂါဖြစ်ပွားသူ ၁,၄၂၈ ယောက် ရှိတယ်လို့ မိုဇမ်ဘစ်နိုင်ငံကျန်းမာရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။