မြန်မာ-အိန္ဒိယနယ်စပ်တွင် အင်အား ၅.၄ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
DVB
·
April 4, 2019
မြန်မာ-အိန္ဒိယ နယ်စပ်မှာ ဒီနေ့ မွန်းလွဲပိုင်းက အင်အား ၅ ဒသမ ၄ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဧပြီလ ၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၄ နာရီ၊ ၁၅ မိနစ်၊ ၂၇ စက္ကန့် အချိန်က တမူးမြေငလျင်စခန်းမှ မြောက်ဘက် ၈၇ မိုင်ခန့် ကွာဝေးတဲ့ မြန်မာ-အိန္ဒိယနယ်စပ် မြောက်လတ္တီတွဒ် ၂၅.၄၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၃၆ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၅.၄) အဆင့်ရှိ အင်အား အသင့်အတင့်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။