ဗင်နီဇွဲလား နိုင်ငံသား ထောင်ချီ ကိုလံဘီယာထဲ ဝင်ရောက်

10K
ဗင်နီဇွဲလားနိုင်ငံသား ထောင်ချီပြီး နယ်စပ်မြစ်ကို ဖြတ်ကူးကာ အိမ်နီးချင်း ကိုလံဘီယာနိုင်ငံထဲ အလုံးအရင်းနဲ့ ဝင်ရောက်နေပါတယ်။
ကိုလံဘီယာနိုင်ငံ ကိုကိုတာ နယ်စပ်မြို့ကိုသွားတဲ့ လမ်းကြီးကို ပိတ်ထားဆဲမို့ ဗင်နီဇွဲလား နိုင်ငံသားတွေဟာ တက်ချီရာနယ်စပ်မြစ် ရေကျချိန်ကို စောင့်ပြီး ဖြတ်ကူးနေတာပါ။
ဒီအတွက် အိမ်နီးချင်း ကိုလံဘီယာဟာ နိုင်ငံအတွင်း စားနပ်ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေတဲ့ ဗင်နီဇွဲလား ပြည်သူတွေအတွက် အဆိုးဒဏ် သက်သာစေတဲ့နေရာ ဖြစ်လာပါတယ်။
ဗင်နီဇွဲလားနိုင်ငံသား အတော်များများက နှစ်နိုင်ငံကို ကူးချည်သန်းချီ လုပ်နေပြီး ကိုလံဘီယာက ကုန်ပစ္စည်းတွေကို မိခင်နိုင်ငံမှာ ပြန်ရောင်းကြပါတယ်။
ဧပြီ ၃ ရက်နေ့ နယ်စပ်မြစ်ဖြတ်ကူးသူ တချို့ကတော့ အထုပ်အပိုးတွေနဲ့ ကိုလံဘီယာနိုင်ငံကို ရွှေ့ပြောင်းအခြေချတာပဲ ဖြစ်ပါတယ်။
သူတို့တွေထဲက တဦးကတော့ ကိုဘံဘီယာမှာ အလုပ်လုပ်ပြီး မိခင်နိုင်ငံကို ငွေပြန်ပို့ရုံကလွဲလို့ တခြားရွေးချယ်စရာလမ်းမ ရှိဘူးလို့ ပြောပြခဲ့ပါတယ်။