အပန်းဖြေစခန်းထဲ တရုတ်သူလျှို ဝင်ရောက်သည့်အပေါ် မစိုးရိမ်ဟု သမ္မတ ထရမ့် ပြော

ဖလော်ရီဒါ မာရာလာဂို အပန်းဖြေစခန်းကို တရုတ်သူလျှို ဝင်ရောက်တာနဲ့ပတ်သက်လို့ မစိုးရိမ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၃ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဧပြီ ၂ ရက်နေ့က သမ္မတ ထရမ့်ရဲ့ မာရာလာဂို အပန်းဖြေစခန်း စစ်ဆေးရေးဂိတ်တွေကို ဖြတ်ပြီး ဝင်လာတဲ့ တရုတ်အမျိုးသမီးတဦးကို ထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ သမ္မတ ထရမ့်က စိုးရိမ်တာ လုံးဝမဖြစ်ဘူးလို့ ပြောကြားပြီး အပန်းဖြေစခန်း ဧည့်ကြိုစာရေး အမျိုးသမီးနဲ့ ထောက်လှမ်းရေးအဖွဲ့ကို ချီးကျူးခဲ့ပါတယ်။ အပန်းဖြေစခန်းထဲ ဝင်ရောက်လာတဲ့ တရုတ်အမျိုးသမီးဟာ ကျန်းယွီကျင်းဆိုသူဖြစ်ပြီး သူဟာ တရုတ် နိုင်ငံကူးလက်မှတ်နှစ်ခု ကိုင်ဆောင်ထားပါတယ်။ ဖမ်းမိချိန်မှာ သူနဲ့အတူ လက်ကိုင်ဖုန်း လေးလုံး၊ ခရီးဆောင်ကွန်ပျူတာ တလုံး၊ external hard drive တခုနဲ့ မန်မိုရီစတစ်တခုကို စုံစမ်းစစ်ဆေးသူတွေ တွေ့ခဲ့ကြပါတယ်။ သူသယ်ဆောင်လာတဲ့ မန်မိုရီစတစ်ထဲမှာ ကွန်ပျူတာနဲ့ ဆာဗာတွေကို ထိခိုက်စေတဲ့ malware  ပါရှိတယ်လို့ ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up