A d v e r t i s e m e n t With Us

ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ တရားခံပြသက်သေအဖြစ် ထွက်ဆို

မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ ဖမ်းဆီးထားရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF မြောက်ပိုင်း) ဒုဥက္ကဋ္ဌ ကိုအောင်ဆွေဦး အပါအ၀င် ၃ဦးအမှုကို  ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တရားရုံးမှာ ဒီကနေ့ ဆက်လက် ရုံးထုတ်စစ်ဆေးနေပါတယ်။ ကိုအောင်ဆွေဦးတို့ကို မိုးညှင်းတရားရုံးမှာ ၄ ရက်ဆက်တိုက်ရုံးထုတ်ပြီး ဧပြီ ၄ ရက်နေ့ မှာတော့ ABSD  ဥက္ကဋ္ဌ ရဲဘော်သံခဲအပါ ၃ ဦးကို တရားခံပြသက်သေအဖြစ် စတင်စစ်ဆေး ထွက်ဆိုမှာဖြစ်တယ်။ ဒါပြီးရင် အပြစ်ပေးသင့်မပေးသင့် လျှောက်လဲချက်ပေးကြမယ်လို့  ရှေ့နေဦးတင်လှိုင်က ပြောပါတယ်။ တရားလိုပြသက်သေ ၁၁ ဦးစစ်ဆေးပြီးစီးသွားပြီး တရားခံပြသက်သေ ၃ ဦးကို ဒီနေ့ စတင်စစ်ဆေးတာဖြစ်တယ်လို့ လည်း ရှေ့နေက ပြောပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး အခုအကြိမ်ဟာ ၁၆ ကြိမ်မြောက်ရုံးထုတ်တာဖြစ်ပြီး ချုပ်ရက် စုစုပေါင်း ၄ လ ကြာမြင့် ပြီဖြစ်ပါတယ်။ ကိုအောင်ဆွေဦးအပါအ၀င် ABSDF အဖွဲ့ဝင် ၃ ဦးကို ၂၀၁၈  နိုဝင်ဘာလ ၃၀ ရက်ညက မိုးညှင်းမြို့ခံ ရဲဘော်တဦးရဲ့ နာရေးကို လာရောက်စဉ်  အဖမ်းခံရတာ ဖြစ်ပါတယ်။ သတင်း-မုန်းမုန်းမင်း

A d v e r t i s e m e n t With Us

More News
Up