Home
မြန်မာသတင်း
ပျော်ဘွယ်မြို့ ဆိုင်ကယ်ရောင်းဝယ်ဆိုင် မီးလောင်၊ ဆိုင်ကယ်အစီး၂၀ ဆုံးရှုံး
DVB
·
April 4, 2019
56673227_2894851140653884_5640492223834357760_n
56606391_2894851057320559_4977464241016537088_n
56567960_2894851290653869_8279263359619039232_n
56521002_2894851117320553_2977703562210967552_n
56325235_2894851077320557_7462337490175655936_n
56242497_2894851033987228_1664054790725828608_n
56226164_2894851163987215_488393556000505856_n
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့ ဧပြီ ၃ ရက်မနက်က ရွှေပြည်ရန်နိုင်ရပ်ကွက် K ဟိန်းဆိုင်ကယ် ရောင်းဝယ်ဆိုင် မီးလောင်ခဲ့တာကြောင့် ဆိုင်ကယ်မျိုးစုံအစီး ၂၀ မီးလောင်သွားတယ်လို့ ပျော်ဘွယ်မြို့နယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ ဦးအောင်သီဟ ပိုင်ဆိုင်တဲ့ K ဟိန်းဆိုင်ကယ်ရောင်းဝယ်ဆိုင် မီးလောင်ရာ ဆိုင်ကယ်မျိုးစုံ အစီး၊ ၂၀ ကာလတန်ဖိုး သိန်း ၁၄၀ လောက် ဆုံးရှုံးသွားပါတယ်။ ပျော်ဘွယ်မြို့ မီးသတ်ဦးစီး ဦးအောင်သက်လှိုင်က "မီးဘယ်က စပြီး လောင်တယ်ဆိုတာ စုံစမ်းစစ်ဆေးနေဆဲပါ။ မီးသတ်ယာဉ်နဲ့ ရေသယ်ယာဉ်ပေါင်း ၆ စီး သုံးရတယ်။ သန္ဓေ အရန်မီးသတ် တပ်ဖွဲ့ဝင် ၃၃ ဦးနဲ့ ရပ်ကွက်ပြည်သူတွေ ပူးပေါင်းပြီး မီးငြိမ်းသတ်ပါတယ်" လို့ ပြောပါတယ်။ မြို့နယ်အုပ်ချုပ်ရေးရုံးက တာဝန်ကျ ဝန်ထမ်းတဦးက "ဆိုင်ကယ်ရောင်းဝယ်ဆိုင် မီးလောင်ပါတယ်။ ဆိုင်ကယ်တွေပဲ မီးလောင်သွားတာပါ၊ အခြားအိမ် မီးမကူးပါဘူး၊ လူနဲ့တိရစ္ဆာန် ထိခိုက်မှု မရှိပါဘူး"လို့ ပြောပါတယ်။ ရွှေပြည်ရန်နိုင်ရပ်ကွက်မှာ အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး လူဦးရေ ၅၀၀၀ ကျော် နေထိုင်ပါတယ်။ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး ပျော်ဘွယ်မြို့မရဲစခန်းမှာ မီပေါ့ဆမှုနဲ့ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024