ချဲလ်ဆီးအနာဂတ်ကို လူငယ်ကစားသမား ၃ ဦး ဦးဆောင်မည်ဟု နည်းပြ ဆာရီ ပြော

1.2K
ချဲလ်ဆီးအသင်းရဲ့ အနာဂတ်ကို ဦးဆောင်သွားနိုင်မယ့် ကစားသမားသုံးဦးကို နည်းပြ ဆာရီက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
အဲဒီကစားသမားတွေကတော့ နောက်ခံလူ ခရစ္စတီယန်ဆန်၊ တိုက်စစ်က လော့ဖ်တပ်စ်ချိခ်နဲ့ ဟတ်ဆန်အိုဒွိုင်းတို့ ဖြစ်တယ်လို့ ဆာရီက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ လူငယ်ကစားသမားသုံးဦးဟာ ဘရိုက်တန်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပွဲထွက်ကစားခဲ့ကြပြီး ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလူငယ်သုံးဦးဟာ အလားအလာ အများကြီးရှိပြီး အသင်းရဲ့အနာဂတ်ကို ဦးဆောင်သွားနိုင်မယ့်သူတွေဖြစ်ဖို့ မျှော်လင့်ထားတယ်လို့ ဆာရီက ချီးကျူးပြောကြားခဲ့ပါတယ်။
အိုဒွိုင်းကို ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပြီး ချဲလ်ဆီးအသင်းက ရောင်းချဖို့ ငြင်းဆန်ထားတာ ဖြစ်ပါတယ်။
အင်္ဂလန်မှာ လူငယ်ကစားသမားတွေကို ဆက်ထိန်းဖို့ ခက်ခဲလာတယ်လို့ ဆာရီက ဝန်ခံခဲ့ပြီး အသက် ၁၈ နှစ်အောက် ကစားသမားတွေကို ၃ နှစ်ပဲ စာချုပ် ချုပ်ခွင့်ရှိတာက အသင်းတွေအတွက် စွန့်စားမှုတခုဖြစ်တယ်လို့လည်း ဆာရီက သုံးသပ်သွားခဲ့ပါတယ်။