A d v e r t i s e m e n t With Us

အေအေအဖွဲ့ဝင် ၃ ဦး၊ အေအေနှင့်ဆက်သွယ်သည့် သံဃာ ၂ ပါးကို ဖမ်းဆီးအရေးယူ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကန်ဇောက်ကျေးရွာမှာ အေအေ ရခိုင်လက်နက်ကိုင် အဖွဲ့ဝင် ၃ ဦးနဲ့  အေအေနဲ့ ဆက်သွယ်ခဲ့တဲ့ သံဃာ ၂ ပါးကို ဖမ်းဆီးရမိ အရေးယူထားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ကန်ဇောက်ရွာနားမှာ နယ်မြေစိုးမိုးရေးနဲ့ လုံခြုံရေး ဆောင်ရွက်နေတဲ့  တပ်မတော်စစ်ကြောင်းက ဧပြီ ၁ ရက်ည ၉ နာရီလောက်က စစ်တွေဘက်ကနေ ကျောက်တော် ဘက်ကို မောင်းနှင်လာတဲ့  ကားတစီးကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှာ လက်ပြန်ကြိုး တုပ်ခံထားရတဲ့ မသင်္ကာဖွယ်တဦးအား တွေ့ရှိလို့ စစ်ဆေးစဉ် အေအေအဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တာပါ။ လက်ပြန်ကြိုး တုပ်ထားခံရသူဟာ အေအေအဖွဲ့ထံကနေ ထွက်ပြေးလာတဲ့ ပုဏ္ဏားကျွန်းမြို့နယ်­၊ ပေါက်တောကျေးရွာနေ ကိုမြထွန်းဖြစ်ပြီး ကားကတော့ ပုဏ္ဏာကျွန်းမြို့၊ သီရိမဇ္ဇူ ကျောင်းတိုက်က ဆရာတော် ဦးသုဝနက  မောင်းနှင်လာတာလို့ ဆိုပါတယ်။ ယာဉ်ပေါ်မှာ မြောက်ဦးမြို့၊ ဂန္ဓမာတောင်ကျောင်းတို­က်နေ ဦးဥာဏ၊ အေအေအဖွဲ့ဝင် သိန်းဟန်နဲ့ အေအေအဖွဲ့ထဲဝင်ဖို့လိုက်ပါလာတဲ့ ပုဏ္ဏားကျွန်းမြို့နေ ကျော်ဆန်း တို့ လိုက်ပါလာတယ်လို့ ဆိုပါတယ်။ အဆိုပါသံဃာ ၂ ပါးဟာ အေအေအဖွဲ့နဲ့ ဆက်သွယ်မှုတွေ ရှိကြောင်း စစ်ဆေး တွေ့ရှိရလို့ စစ်တွေမြို့နယ်သံဃနာယက တောင်ရွှေရာကျောင်းတို­က် ဆရာတော် ဘဒ္ဒန္တ ဓမ္မိက ထံ အပ်နှံပြီး သာသနာ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ သိက္ခာချ လူဝတ်လဲစေခဲ့ပြီး ကျန်သူတွေနဲ့အတူ တရားဥပဒေအရ အရေးယူဖို့ လုပ်နေတယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဓာတ်ပုံ-CINCDS

A d v e r t i s e m e n t With Us

More News
Up