Home
မြန်မာသတင်း
၂၀၁၈ ခုနှစ်အတွင်း မိုင်းအန္တရာယ်ကြောင့် ၄၈ ဦးသေဆုံး၊ ၂၀၀ ကျော် ဒဏ်ရာရ
အောင်ကိုကိုလတ် (နေပြည်တော်)
·
April 4, 2019
မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း မိုင်းအန္တရာယ်ကြောင့် ၄၈ ဦး သေဆုံးခဲ့ပြီး ၂၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးက ပြောပါတယ်။ နေပြည်တော် မင်္ဂလာသီရိ ဟိုတယ်မှာ ဧပြီ ၄ ရက်နေ့က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေးနဲ့ မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးနေ့ အခမ်းအနားမှာ  ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှု ဆိုင်ရာညွှန်ကြားရေးမှူး Mr. Knut Ostby က ပြောကြားလိုက်တာပါ။ “လူမှုဝန်ထမ်းဌာနနဲ့ Unicef တို့ ပူးတွဲတာဝန်ယူဆောင်ရွက်ခဲ့တဲ့ မိုင်းအန္တရာယ် အသိပညာပေး မှတ်တမ်းအရ ၂၀၁၈ ခုနှစ်အတွင်းမှာပဲ လူဦးရေ ၂၇၆ ဦး ထိခိုက်ခံစားခဲ့ရတာ သိရှိရပါတယ်။ အဲ့ဒီအထဲက ၄၈ ဦးကတော့ အသက်ဆုံးရှုံးခဲ့ရပါတယ်။” အဲ့ဒီလို မိုင်းအန္တရာယ်ထိခိုက်ကြုံတွေ့ခံစားရသူတွေထဲက ၈၇ ရာခိုင်နှုန်းလောက်ဟာ ပဋိပက္ခဒဏ် ခံစားနေကြရတဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)နဲ့ ကချင်ပြည်နယ်တွေက ဒေသခံ ပြည်သူတွေ အများစုကြုံတွေ့ ခံစားနေကြရတာလို့ ဆိုပါတယ်။ မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီးတော့ ၂၀၁၈ ခုနှစ်အတွင်းက ပြည်နယ် ၆ ခုနဲ့ တိုင်းဒေသကြီး ၂ ခုတို့က လူဦးရေ ၃ သိန်း လောက်ကို အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024